[Unicode]
အဝေးပြေးလမ်းမပေါ်တစ်ခု၌တရားမဝင်ဆိုင်ကယ်ပြိုင်ပွဲတစ်ခုတွင်
"ဝူး.....ဝူး.....ဝူး"
"ဝိုး....ရေး.....ဖြောင်း...ဖြောင်း"
"DDနိုင်သွားပီဟေ့"
"ဘယ်ဆိုးလို့လဲနင်က လောင်းရကျိုးနပ်တယ် DD"
"နင်ငါ့အကြောင်းမသိဘူးသက်ထား"
"Congratulations ပါDD"
"ရှင်က...ဘယ်သူလဲ"
"သုခဝန်းရံပါ ဒီက မိန်းမလေးနဲ့ခင်ချင်လို့"
Gentleman စတိုက် အနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်က DDအားလာနှုတ်ဆက်ခြင်းဖြစ်သည်။
"DDအကြောင်းမသိတာလား ဒါဆိုရင်လည်းအဝေးကိုဂျောင်းနော် ကျွန်မ မျက်စိနောက်တယ်"
ဝန်းရံအားပုခုံးတိုက်ကာထွက်သွားသောမိန်းကလေးအား
"စိတ်ဝင်စားစရာပဲ"
"Boss ဘာလို့ဂျစ်ပစီလိုကောင်မလေးကိုရွေးပီးကြိုက်တာလဲဗျ"
"သဘောကျလို့"
"ကျွန်တော်တော့ သူ့ကိုမလိုက်ခိုင်းစေချင်ဘူး"
"ဘာလို့လဲ"
"သူ့နာမည်အရင်းက အသွင်ခြားတဲ့ ဦး ကမ္ဘာမြေခြားရဲ့အငယ်ဆုံးသမီး သူ့ကိုဘယ်ကောင်လေးမ မလိုက်နိုက်ဘူး အတိုက်အခိုက်ကလည်းfighterပဲ ပီးတော့ သူများမလုပ်နိုင်တဲ့ ပွဲတေအရာတေ သူအကုန်တတ်တယ် လုပ်တယ် သူ့ကိုgayနေတာလို့ပြောကြတယ်"
"အဟက် စိတ်ဝင်စားသွားပီ လိုက်ကြည့်တာပေါ့"
"ဗျာ"တေဇတစ်ယောက်ခေါင်းခါ၍သာထိုနေရာမထွက်ခွာလာလိုက်သည်။
"မိအသွင်ခြား"
"ရှင် ဒယ်ဒီ ဒယ်ဒီအလုပ်မသွားဘူးလား ဟီးဟီး"
အသွင်ခြား သွားသုံးဆယ့နှစ်ချောင်းဖြီးကားဦး ကမ္ဘာမြေခြားအားပြောလိုက်သည်။အသွင်ခြားအကြောက်ဆုံးလူသည်ဒယ်ဒီဖြစ်သည်။
ဒယ်ဒီသည်အပြစ်ပြေးကြမ်းသလိုတစ်အိမ်လုံး၏အိမ်ဦးနတ်ဖြစ်တာကြောင့်ချစ်ကြောက်ရိုသေကြသည်။အသွင်ခြားသည်မောင်နှမများနှင့်အလွန်ခြားနားသည်။ငယ်ငယ်တည်းကတစ်အိမ်လုံးကိုပတ်မွှေသည်။ကြီးလာတော့လည်းမွှေသည်။ကလပ်တက် ဘားတက် ဆိုင်ကယ်ပြိုင်ဘာပြိုင်နှင့်မိန်းကလေးနှင့်ကိုမတူ။ထိုကြောင့်လည်း အသွင်ခြားနေခြင်းသာ။
BẠN ĐANG ĐỌC
ရူးခါနေအောင်ချစ်ရသူ(Completed)
Lãng mạnမင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိသွားအခါ ဦးနှလုံးသားကို ရရှိဖို့အကြိမ်ကြိမ်ကြိုးစားပါတော့သည်။