💕ရူးခါနေအောင်ချစ်ရသူ 💕
အပိုင်း၂၀ ဇာတ်သိမ်းပိုင်း
ပါးပါးထံသို့ လက်ကမ်းပေးရင်းပင် ပါးပါးက ပြုံး၍ အမှောင်ကိုခွင်းကာတစ်နေရာသို့ခေါ်သွားသည်။အလင်းရောင်ဖျော့ဖျော့လေးေနာက်လိုက်သွားရင်းပင် ထူထပ်နေသည့်မြူခိုးတေက တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားသည်။တစ်နေရာရောက်တော့ ဝတ်စုံဖြူနှင့် ပါးပါးက တည်ငြိမ်စွာ စကားဆိုသည်။
"ပါးနဲ့လိုက်ခဲ့မှာသေချာလားသမီး "
"ဘယ်ကိုသွားမှာလဲပါး...."
"အေးချမ်းတဲ့နေရာဆီ တွယ်တာစရာမရှိတော့ရင် လိုက်ခဲ့လိုက်ပါ သမီး"
"တွယ်တာစရာ"
တိုးတိုးလေး အသံနောက်ယောင်ရွတ်လိုက်သည်။
သွင့်မှာတွယ်တာစရာဆိုတာ ဘာရှိလဲ....။
ဖျတ်ခနဲ ဦး.....သွင့်ရဲ့နှလုံးသား.....။
ဟုတ်တယ် ဦးစောင့်နေလိမ့်မယ်...... ။"သမီးမှာတွယ်တာစရာရှိတယ် ပါး သမီးပြန်မလိုက်နိုင်တာ ခွင့်လွှတ်ပါ"
ထိုအခါမှ တည်ငြိမ်တဲ့ပါးက ခေါင်းအသာငြိမ့်၍ စကားဆက်ဆိုသည်။
"သမီးမှာ အနှောင့်အယှက်တေကျန်သေးတယ် ဒါတေကိုသေချာဖြေရှင်းပါ မှတ်မိသင့်တာတေလည်း ပြန်သတိရသင့်ပြီ သမီးရဲ့ဘဝအမှန်ကိုပြန်သွားတော့ မမေ့နဲ့ သမီးစောင့်ရှောက်ရမယ့်သူတစ်ယောက်ရှိတယ် အသက်နဲ့ထပ်တူချစ်ပေးပါ စောင့်ရှောက်ပေးပါ"
စကားသံအဆုံးပျောက်ကွယ်သွားသော ပါးပါးအား လိုက်ရှာရင်း ပါးပြောသွားသည့်စကားတေကိုလည်းဘာတစ်ခုမှနားမလည်သောကြောင့် ရပ်နေသည့်နေရာ၌ပင်......။
သွင်မျက်လုံးတေကိုအမြန်ဆုံးမှိတ်လိုက်ပြီး တည်ငြိမ်အောင်ကြိုးစားလိုက်လေသည်။~*~*~*~*~*~*~*~*~*~*~
စစ်မျက်လုံးတေဖွင့်ကြည့်လိုက်တော့ မြင့်နေရသည့်မျက်နှာကျက်ုဖြူဖြူက ဝိုးတဝါး...။နှာဝ၌ အနံအသက်စိုးဝါးသည့်ဆေးနံ့ကြောင့်စစ်ဆေးရုံကုတင်တစ်ခုမှာမှန်းသိလိုက်သည်။ညာဘက်လက်ကလည်း ဆေးပိုက်တန်းလန်းနှင့် အပ်က လက်ဖမိုးပေါ်ထိုးစိုက်လျက်။
မောရိယအားဆေးပုလင်းကဆေးရည်တေက ဒရစ်ကနေတဆင့် ကုန်လုနီးပါးဖြစ်နေသောကြောင့် စစ် ရှိနေတဲ့ကုတင်နားသို့ သူနာပြုက အခန်းတံခါးကိုကျော်ဖြတ်၍ရောက်လာသည်။
YOU ARE READING
ရူးခါနေအောင်ချစ်ရသူ(Completed)
Romanceမင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိသွားအခါ ဦးနှလုံးသားကို ရရှိဖို့အကြိမ်ကြိမ်ကြိုးစားပါတော့သည်။