💕ရူးခါနေအောင်ချစ်ရသူ 💕
အပိုင်း၁၉
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းနံပါတ်မှာ စိတ်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်"
"တီ တီ တီ"
"ကျစ် ဘာလို့ဖုန်းပိတ်ထားတာလဲ ကလေးရာ....."
စစ်တစ်ယောက်အပူအပန်ကြီးစွာ ဖုန်းထပ်ကာထပ်ကာခေါ်ရင်း သွင်သွားနေကြနေရာ လေးများအားကားတစ်စီးဖြင့်လိုက်ရှာနေမိသည်။
တစ်နေ့လည်လုံး သူဘာမတောင်မစားနိုင်ပဲ အလုပ်တေလဲပစ်ကာ လိုက်ရှာနေသည်။သူမအထင်လွဲသွားလို့မဖြစ်ပါ.....။သူမကိုချစ်တဲ့အကြောင်းတေပြောပြချင်သေးတယ်....။
သူမကို ထပ်ပြီးတော့ လက်မလွှတ်နိုင်တော့တဲ့အကြောင်းတေ.. ....။
"ကလေးရယ် ကိုယ်ရှင်းပြပာ့မယ်......ကိုယ်မင်းကိုချစ်တယ်လေ.....အဲ့လိုအထင်မလွဲပါနဲ့....."
~*~*~*~*~*~*~*~*~*~*~*~*~
သွင်တစ်ယောက် စိတ်ပျက်ပျက်နှင့် ကားကိုရောက်တတ်ရာရာမောင်းနေရင်းပင် ကားလေးက မြို့ပြင်ကို ကျော်ခဲ့သည်။မျက်ဝန်းအိမ်မှာလည်း မျက်ရည်စတေက ပြည့်လျက်.....။
သွင်တစ်ခါမှမခံစားဘူးပါ ဒီလိုခံစားချက်မျိုး.....။
အချစ်ကြီးလို့ ဝဋ်ကြီးပေသည်။ ဦးနှုတ်ခမ်းက ချစ်တယ်ဆိုတဲ့စကားလုံးကိုမကြားရတာတောင် ဦးအနားမှာ ကပ်တွယ်ခဲ့သည်။
ကိုယ့်ကိုတောင်ဂရုမစိုက်ခဲ့တဲ့ ဦးအနားမှာကပ်တွဲခဲ့တယ်....။
ဦးရဲ့ဂရုစိုက်မှုနဲ့ကြင်နာမှုတေအောက်မှာ သာယာခဲ့တယ်....... ။မျော်လင့်ခဲ့တယ်....။
သွင် ခုနက မိန်းမပြောလိုက်တဲ့စကားကြောင့် ရင်ထဲမှာစူးကနဲ....ဘာတဲ့.....ချစ်သူတဲ့လား ဦးရယ်.....။
မျက်ရည်ကြည်တေကြောင့် သွင်လမ်းကိုတောင်ကောင်းကောင်းမမြင်ရတော့ဘဲ လီဗာရှိန်ကလည်းမြင့်နေလျက်။ ကားဒိုင်ခွက်ထဲက လက်တံနီလေးက. ကီလို60အားကျော်နေလျက်.....။
ဘယ်ဘက်ကန့်လန့်လမ်းကြားမှနေ၍ ကုန်တင်ကားကြီးက လစ်ခနဲထွက်လာသောအခါ.....
"ကျွီ....ဝုန်း......"
~*~*~*~*~*~*~*~*~*~*~*~
King Villa👑👑
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"
"မိုင်ဝေးဆိုတာ ရှိတယ်မလား သူနဲ့တွေ့ချင်လို့ပါ"
ESTÁS LEYENDO
ရူးခါနေအောင်ချစ်ရသူ(Completed)
Romanceမင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိသွားအခါ ဦးနှလုံးသားကို ရရှိဖို့အကြိမ်ကြိမ်ကြိုးစားပါတော့သည်။
