Part-18

3.2K 142 0
                                    

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၁၈

မိုင်အပေါ်ထပ်ဆင်းလာချင်း လှေကားထိပ်ကနေ အဖြူရောင်ဆေးဗူးလေးကိုင်လာသည့် အိမ်ဖော်မလေးနှင့် ထိပ်တိုက်ဆုံမိတော့.....

"ဘယ်သူဘာဖြစ်လို့လဲ"

"ဟို...ဟို...ဒုသခင်လေးက ဆေးဗူးယူလာဖို့ပြောလိုက်လို့ပါ"

"သူဘာဖြစ်တာလဲ"

မနက်ကတောင်အကောင်းကြီးရှိနေသေးတဲ့သူက ဆေူဗူးယူလာခိုင်းတော့ Mileရင်ထဲ စိတ်ပူသွားကာ ပလုံးပထွေးမေးလိုက်သည်။

"အဲ့တာတော့မပြောပါဘူးရှင့်"

"ဆေးဗူး Mileကို ပေးလိုက် မင်းသွားလို့ရပီ"

"ဟုတ်ကဲ့"

အိမ်ဖော်ကောင်မလေးက ဆေးဗူးကိုမိုင့်လက်ထဲထိုးပေးကါ တရိုတလေဖြင့် ပြန်ထွက်သွားသည်။မိုင်လည်း စိတ်ပူတာနဲ့ ဘာနဲ့ ကို့ကိုယ်ကိုတောင်မသိစွာ အိမ်ပေါ်သို့ခြေလှမ်းစိပ်စိပ်ဖြင့်ပြေးတက်သွားသည်။

ခြင်းဝမ်းဗိုက်က သေနတ်ဒဏ်ရာက အနည်းငယ်ချုပ်ရိုးပြည်သွားတော့ 'ကျစ်´သပ်ကာ ကုတင်ပေါ်သို့ အသာလေးလှဲနေလိုက်သည်။မျက်လုံးများကို မှိတ်ကာ ခပ်တောင့်တောင့်လေးမှေးလိုက်သည်။

''​​ေဂျာက်´´

"စားပွဲပေါ်တင်းထားခဲ့လိုက်.... မင်းသွားလို့ရပြီ"

မျက်စိမဖွင့်ဘဲ ဖြေနေသည့်ဦးကြောင့် မိုင်နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဦးနားသို့လျှောက်သွားလိုက်သည်။

တံခါးလည်းပြန်ဖွင့်သံမကြားဘဲ သူ့နားက ရင်းနှီးလှတဲ့ ကိုယ်သင်းနံ့ကြောင့် ခြင်းမျက်လုံးဖွင့်ကြည့်လိုက်သည်။

"ချာတိတ်....ဘယ်လိုလုပ်ရောက်လာတာလဲ"

"ဘယ်လိုထင်လဲ"

ခပ်ပြတ်ပြတ်ပင်ဖြေလိုက်သည့်သူမကြောင့် ခြက်းမတင်မကျဖြစ်သွားသည်။

"ကိုယ်ခိုင်းလိုက်တာအခြားတစ်ယောက်မို့လို့ပါ "

"အော်သူ့ကို လုပ်ပေးခိုင်ူစေချင်တာလား ဦးစစ်မှန်ခြင်း ရဲ့ဒဏ်ရာကိုလေ အကျီကြီးချွတ်ပြီး ကောင်းပြီခေါ်ပေးမယ်"

ရူးခါနေအောင်ချစ်ရသူ(Completed)Tempat cerita menjadi hidup. Temukan sekarang