12(unicode)

13K 731 49
                                    


ထယ်ယောင်း မျက်လုံးများကိုဖြည်း
ညှင်းစွာ ဖွင့်လိုက်သည်။သူ့တစ်ကိုယ်လုံး
က ကိုင်ရိုက်ခံထားရသလိုနာကျင်နေ
သောကြောင့် ထယ်ယောင်း မျက်မှောင်
လေးကျုံ့ကာ နူတ်မှညည်းသံပင်တိုးတိုးလေးထွက်သွားရသည်။

ညက ဂျုံးဂု သူ့ကိုဘယ်လိုတောင် နည်းလမ်းမျိုးစုံနဲ့ ကစားခဲ့သလဲ

"အကို နိုးပီလား..မနိုးသေးရင် ကျတော်
ဆရာ၀န်ခေါ်တော့မလို့"

ထယ်ယောင်းကသူ့ခါးကိုဖိထား၍ထထိုင်
ကာ ဂျုံးဂုကို မျက်စောင်း အကြီးကြီး
ထိုးပြစ်လိုက်သည်။

မင်းနဲ့စကားမပြောချင်ဘူး မြေခွေးကောင်

ဂျုံးဂုကထယ်ယောင်း၏အတွေးများကို
သိနေသူအလား ခပ်ဟဟ ရယ်ကာ ထယ်ယောင်းဘေး၀င်ထိုင်၍ ကိုယ်ပူစမ်းရန်နဖူး
ကိုလက်ဖ၀ါးဖြင့်ထိလိုက်သည်။

"နွေးနွေးလေး..ရေချိုးရအောင် အခုကညစာ စားချိန်တောင်ရောက်နေပီ...ဘာစားချင်လဲ"

"မာလာရှမ်းကော...ထမင်း..ဂင်မ်ချီဟင်းရည်...အမဲသားကင်"

" အကုန်လုပ်ပေးမယ်..လာ
..ရေအရင်ချိုးရအောင်"
.
.
.
.
.

ထယ်ယောင်းဂင်မ်ချီဟင်းရည်အိုးထဲမှပဲပြား ဖွေးဖွေးလေးကိူတူဖြင့်ညှပ်ကာ တဖူးဖူးမူတ်၍ပါးစပ်ထဲပြစ်ထည့်လိုက်
သည်။

အို..ကောင်းလိုက်တာ အိအိလေး

ထို့နောက် ဂင်မ်ချီဖက်လေးကိုလည်းထိုနည်းအတိုင်း စားလိုက်ပြန်သည်။

တစ်ဂျွတ်ဂျွတ်နဲ့ ဂင်မ်ချီဖက်လေး၀ါးရသည်မှာလဲ စိတ်တိုင်းကျစရာ

"စိတ်ကျေနပ်ရဲ့လား..မင်းသားလေး"

ထယ်ယောင်းကအစားပလုပ်ပလောင်း
ဖြင့် ခေါင်းငြိမ့်ပြပြီး လက်မလေးပါထောင်ပြလိုက်သည်။

အရမ်းကောင်းတယ်။

"အကို"

"​အွန်း"

ထမင်းစားနေသောထယ်ယောင်းအသံမှာ
ပလုပ်ပလောင်း

"ကျတော်တို့ လက်ထပ်မှက်ပုံတင်ရအောင်"

ထယ်ယောင်းစားလက်စကိုရပ်ကာ
မျက်လုံး ၀ိုင်း၀ိုင်းလေးများဖြင့်
ဂျုံးဂုကိုမော့ကြည့်သည်။

My Alpha(Complete)Where stories live. Discover now