4(unicode)

15.8K 1.2K 49
                                    

ဟယ်ဆောင်း အုပ်စု၏ ရေမွှေးတံဆိပ်သစ်မိတ်ဆက်ပွဲတွင်ဖြစ်သွားခဲ့သော
ထယ်ယောင်း၏ ကိစ္စသည် ဂျုံးဂု၏
ချုပ်ကိုင်မူကြောင့် ‌အတင်းစကားတစ်ခွန်းပင် မထွက်လိုက်ပဲပြီးသွားသည်။
သို့သော်လည်း ထယ်ယောင်းကို ထိခိုက်ခဲ့သည် လူနှင့် သူ၏မိသားစုကတော့Mမြို့မှလုံး၀ပျောက်ကွယ်သွားကာ။ထိုမိသားစု၏ လုပ်ငန်းသည်
လည်းအရှုံးပေါ်သွားခဲ့သည်။တစ်လအကြာခန့်တွင်Mမြို့၌ အထက်ပါမိသားစု
ရှိခဲ့သည်ဆိုတာကိုတောင်မည်သူမျှမမှက်မိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။

တစ်လကြာပြီးနောက်။

ဂျုံးဂုလဲဘွဲ့ရခဲ့ပြီးပြီ။
Dominant Alphaတစ်ဦး၏သွင်ပြင်
များသည်လည်းပို၍ ထင်ရှားလာကာ
အမျိုးသမီးတွေကြား စီအီးအိုဂျွန်
ဟုဆိုကာ ရေပန်းစားနေခဲ့သည်။
Dominant Alphaဖြစ်၍ omega
မိန်းကလေးများရော ယောက်ျားလေး
များကပါ ဂျုံးဂု၏ ကြင်ဖက်(Alpha mate)နေရာကို အမိအရလိုချင်ကြသည်။ရေမွှေးလောကတွင် နံပက်နှစ်နေရာ၌ ရပ်တည်နေသော မိသားစုဖြစ်၍ ဂျုံးဂု၏ သတင်းမှာ လေယူရာပျံ့နေတော့သည်။

ဂျုံးဂုလိုပင် ထယ်ယောင်းသည်လည်း
Alphaအများကြား ရေပန်းစားနေသော omegaလေးဖြစ်သည်။ဂျွန်မိသားစု၏ ပထမသားကြီးဟူသော
ဂုဏ်ပုဒ်နှင့် လှပသွယ်လျှသော ပုံရိပ်ကြောင့် Alph Mate
အဖြစ် ကမ်းလှမ်းဖွင့်ပြောလိုသူများမှာလည်း အရေအတွက်ကများပြားလွန်းစွာရှိကြသော်လည်း အနားတွင်အမြဲရှိနေတက်သည့် ဂျုံးဂုကြောင့် မည်သူကမှ မမှန်းရဲကြပေ။

ဂျွန်မိသားစု၏ အိမ်တော်ထဲတွင်

မေမေ မီရယ်က မီးဖိုခန်းထဲတွင် ဇလုံ
ကြီးတစ်ခုနှင့် ရူးရူး ရှဲရှဲ ကြာဇံချဉ်စပ်ကိုသုပ်နေသည်။ထယ်ယောင်းက
အမေကိုယ်တိုင်လုပ်ထားသည့် နီနီရဲရဲ
ကင်မ်ချီ ချဉ်ဖက်များကို ပန်းကန်ထဲခပ်ထည့်ကာ ကြာဇံသုပ်ပြီးသည်နှင့်
စားရန် ပန်းကန်တစ်ချပ်နှင့်အတူ တူကိုင်၍ စောင့်နေသည်။ဂျုံးဂုကတော့
နီညိုရောင် ညအိပ်ဝတ်စုံနှင့်ပင် စားပွဲခုံထက်လက်တစ်ဖက်ထောက်ကာ မိမိရှေ့မှ ဝံပုလွေ ပေါက်စလေး၏ စားချင်လွန်း၍ တူကိုစုလိုက်ခွာလိုက်လုပ်ကာ သွားရည်ကျမတက် ဖြစ်
နေသည့် ပုံရိပ်လေးအား တောက်ပနေသော မျက်ဝန်းများဖြင့် စူးရဲစွာထိုင်ကြည့်နေသည်။

My Alpha(Complete)Opowieści tętniące życiem. Odkryj je teraz