13(unicode)

11.7K 861 53
                                    

ထယ်ယောင်း၏Heatဝင်မည့်နေဖြစ်သည်။

ဂျုံးဂုကကားစက်နိူးရင်း ဘေးခုံရှိထယ်ယောင်းကိုလှမ်းကြည့်၍

"အကို...အဆင်ပြေပါ့မလား"

"အဆင်ပြေပါတယ်...ငါအရင်ကလဲဆေး
ပဲသောက်နေကြပါ"

"ဒါပေမဲ့ အခုက ကျွန်တော်ရှိနေပြီလေ ထိန်းနိုင်ပါ့မလား"

ထယ်ယောင်းကဂျုံးဂုကိုမျက်စောင်းဖြင့်ကြည့်၍

"မင်းသာ လာမထိသရွေ့ ငါကအဆင်ပြေတယ်...ကားပဲမောင်းစမ်းပါ..မြန်မြန်"

"ကောင်းပါပြီ"
.
.
.
.
.
.

"အိုးမိုး...ထယ်ယောင်းတို့လာတာပဲ"

အိမ်ထဲသို့ရောက်ရောက်ခြင်း အပေါ်ထပ်လှေကားပေါ်မှဆင်းလာသောအမေက
ဂျုံးဂုတို့ကိုမြင်သည်နှင့် ပျော်ရွှင်သွား
သည့် အမူအရာသို့ပြောင်းသွားလေ၏။

ထယ်ယောင်း:"အမေ နေကောင်းလား"

"ကောင်းပါ့...ဖုန်းလဲမဆက်ပဲရုတ်တစ်ရက်ကြီးပါလား"

"ကျွန်တော်တို့အမေတို့နဲ့တိုင်ပင်စရာရှိလို့ပါ အဖေရော"

ဂျုံးဂုကမေးပြီး အပေါ်ထပ်သို့လှမ်းကြည့်လေ၏။

"ရှိတယ်..စာကြည့်ခန်းမှာ အလုပ်လုပ်နေတယ်...ရောက်လာမှတော့နားလိုက်ဦး အမေ ညစာချက်လိုက်မယ်"

"ကျွန်တော်ကူညီပေးမယ် အမေ"

ထယ်ယောင်းကပြောပြီး အမေနှင့်အတူ
ထမင်းစားခန်းထဲသို့လိုက်သွားတော့သည်။
၏။

ထယ်ယောင်းကအေပရွန်ဝတ်ရင်း

"အမေ..ဘာဟင်းတွေချက်မှာလဲ"

"ငရုပ်ပွနဲ့အမဲသားရောကြော်မယ်..ဂျူးရွက်သုပ်မယ်...အာလူးနဲ့ နံရိုးစွပ်ပြုတ်ချက်မယ်လေ..အမယ်တွေအကုန်အမေဝယ်ထားပြီးသား..ရေခဲသေတ္တာထဲမှာရှိတယ်"

"ဒါဆို သား လှီးဖြတ်ပေးထားမယ်"

"ဟုတ်ပါပီ..အမေ ထမင်းအရင်ချက်လိုက်မယ်"

"ဟုတ်ကဲ့ အမေ"

နှစ်နာရီခန့် သားအမိနှစ်ယောက် တစ်လုံးလုံးဖြင့်ချက်ပြုတ်ပြီးနောက် ဟင်းရောထမင်းပါစားရန်အသင့်ဖြစ်သွားလေပြီ။

My Alpha(Complete)Onde histórias criam vida. Descubra agora