8(unicode)

13.8K 1K 22
                                    


၂လကြာပြီးနောက်...

နေ့တစ်နေ့၏လှပသောနံနက်ခင်းတစ်ခု

ဂျုံးဂုက  ထယ်ယောင်းအခန်းထဲဝင်ကာ လိုက်ကာစများကို ရွှမ်းခနဲအသံများထွက်သည်အထိဆွဲဖွင့်‌လေ၏။အခန်းထဲ သို့ ကဆုန်ဆိုင်းဝင်လာသော အလင်းတန်းများကြောင့်
ကုတင်ထက်မှ အဖြူရောက်စောင်ထုပ်ကလေးသည် မျက်ခွံမို့မို့ထက်မှ စူးရှရှခံစားချက်အားရင်ဘက်ပေါ်မှစောင်ကို ဆွဲ၍ဖုံးအုပ်ကာ ဂျုံးဂုအားကျောခိုင်း၍ ဆက်အိပ်ရန်ပြင်‌‌ တော့သည်။

"အကို ထတော့လေ.."

ကုတင်ပေါ်မှထယ်ယောင်းကတုပ်တုပ်မလှုပ်

"မနက်စာအတူစားရအောင်ထတော့.."

မနက်စာစားဖို့ကိုအသာထား ထယ်ယောင်းက ဒီနွေးထွေးအိစက်မူထဲကမထွက်ချင်သေးပါ..ဒူးကိုရက်ဘက်ထိရောက်အောင်ကွေး၍ အားရပါးရပြန်အိပ်ရန် စိတ်ကူးလိုက်စဉ် မှာပင် ထယ်ယောင်းတစ်ကိုယ်လုံး ပွေ့ချီခံလိုက်ရသည်။

ဂျုံးဂုကထယ်ယောင်းကိုစောင်ထုပ်လေးအတိုင်း သယ်ယူ၍ ရေချိုးခန်းထဲခေါ်သွား‌ သောကြောင့်ထယ်ယောင်း၏မျက်လုံးများကစိတ်အလိုမကျသလို စုကျုံ့သွားကာဂျုံးဂုရင်ဘက်အားမျက်နှာအပ်ပြစ်သည်။

"ငါ..အိပ်~~ချင်နေသေး..တာ"

တစ်လုံးချင်းမသဲမကွဲထွက်လာသောထယ်ယောင်း၏စကားကိုဂျုံးဂုကဂရုမစိုက်ပါ သူဒီနေ့မနက်စာကိုထယ်ယောင်းနှင့်အတူစားကိုစားပီးမှကုမ္ပဏီသို့သွားမည်ဖြစ်သည်။

ဂျုံးဂုကုမ္ပဏီသွားသောအခါထယ်ယောင်းက ပျင်းရိပျင်းတွဲနှင့် အိမ်မှတစ်ယောက်ထဲကျန်ခဲ့ပြန်သည်။ဆက်အိပ်ရမလားဟုတွေးလိုက်သော်လည်း အိပ်ရမှာကိုလဲပျင်းလာပြန်‌ တော့မျက်နှာကျက်ကိုသာမော့ကြည့်၍ ဘာလုပ်ရမလဲဆိုသည်ကိုအတန်ကြာ စဉ်းစားနေသည်။

ခရစ္စမက် ဟုတ်သားပဲ နောက်တစ်ပက်ထဲခရစ္စမက်ရောက်တော့မှာသူမေ့နေခဲ့တာ

အကြံရသွားသောထယ်ယောင်းကငေါက်ခနဲထထိုင်ကာ အခန်းထဲဝင်၍ အနွေးထည်အထူကြီးတစ်ထပ်ဝတ်ကာပြန်ထွက်လာခဲ့သည်။ဂျုံးဂုပေးထားသော သုံးမကုန် black cardလေးလဲပါတာပေါ့။
.
.
.
.
.
.
ဟွမ်းနုံး လူနာမှက်တမ်းများစစ်နေချိန်တွင် စားပွဲထက်မှဖုန်းက တုန်ခါလာသည်။
သုံးကြိမ်ခန့်တုန်ခါပြီးချိန်တွင် ဟွမ်းနုံကဖုန်းကိုင်လိုက်ရတော့သည်။

My Alpha(Complete)Where stories live. Discover now