7(unicode)

14.7K 1.1K 58
                                    

အပိုင်း ၇

heat ဝင်နေချိန်  ဂျုံးဂုကိုတက်ခွက်ဖက်ယက်ခဲ့သည့် အကျိုးရလာဒ်ကတော့
နောက်နေ့ ထယ်ယောင်းနိုးလာချိန်တွင်
အခန်းထဲမှအပြင် မထွက်တေ့ာခြင်းဖြစ်သည်။

မနေ့ကအကြောင်းများကိုမမှက်မိသလိုဟန်ဆောင်ရအောင်လည်း မဖြစ်နိုင်..။
ဂျုံးဂုက ကုမ္ပဏီမသွားခင် အခန်းရှေ့လာကာ မနက်စာပြင်ထားပေး၍ ထွက်စားရန် မှာခဲ့သေးသည်။

နောက်ဆုံးတော့ ပေါက်တဲ့နဖူး မထူးတော့ဘပါဘူး ဟုနှလုံးသွင်း၍ မနက်စာလဲ ထွက်စားလိုက်သည်။ဆိုဖက်ထက်တွင် ထိုင်၍ TVလဲကြည့်ကာ ဂျုံးဂုပြန်လာချိန်လည်း ခပ်တည်တည်ပင် စကားပြော၍ ညစာပါ ချက်ကြွေးလိုက်သည်။ဂျုံးဂုဘက်ကလဲ အလိုက်သိစွာပင် ထိုကိစ္စအား တစ်ခွန်းမှပြန်မဟခဲ့ပါ။သူလုပ်နေကြများကိုသာ ပုံမှန်လုပ်၍ အချိနိတန်တော့ နှစ်ယောက်လုံး အိပ်ရာဝင်ကြသည်သာ ဖြစ်သည်။
.
.
.
.
.
.
"ရား..မင်းလုပ်ရပ်ကကောင်းသေးရဲ့လား..
ငါဂျုံးဂုကိုဘာတွေလုပ်ခဲ့မိလဲ..မင်းသိလား..ယောဟွမ်းနုံ"အရွက်ညှပ်ပြီးသောနှင်းဆီပန်းအဖြူကို ပန်းအိုးထဲထည့်၍ ထယ်ယောင်း ပြောလိုက်သည်။

"ငါ..အရေးပေါ် ခွဲစိတ်မူပေါ်လာလို့ပါကွာ..ခွင့်လွှတ်ပါ..နေ့လည်စာလိုက်ကြွေးရမလား မင်းအကြိုက်ဆုံး ဟော့ပေါ့ဆိုင်မှာလေ"

"မစားချင်ပါဘူး!!"

ထယ်ယောင်းကထိုင်ခုံထက်ခြေချိတ်ထိုင်ကာဟွမ်းနုံနှင့်ဆန့်ကျင်ဘက်သို့မျက်နှာလှည့်ထားသည်။

"သေချာလား...အဲ့ဆိုင်ကအမဲနံရိုးပေါင်းအရမ်းကောင်းတာ ခေါက်ဆွဲအေးလဲရတယ်နော်"

ထယ်ယောင်းအနည်းငယ်လှုပ်လာကာ ဆရာဝန်သူငယ်ချင်းကိုခပ်‌ ပေပေမျက်လုံးစွေ၍ကြည့်သည်။

"တစ်ကယ်လား"

"ဒါပေါ့..ငါကမင်းကိုလိမ်စရာလား"

"ဒါဆို...သွားမယ်"

ဟွမ်းနုံက အပ်မှိုများကို ဟော့ပေါ့အိုးထဲသို့
ထည့်‌ကာ တူဖြင့်ဖိနေသည်။ထို့နောက် နံရိုး
ပေါင်းစားနေသော ထယ်ယောင်းဘက်လှည့်
ကာ

My Alpha(Complete)Where stories live. Discover now