14(uni)

10K 713 22
                                    


ပိုးသက်ဆေးနံ့များဖြင့်ပြည့်နှက်နေသောအဖြူရောင်အခန်းငယ် ထိတ်လန့်‌ဖွယ်ကောင်းအောင်တိတ်ဆိတ်နေကာ နှလုံးခုန်စက်မှ တစ်တီတီအသံကိုသာကြားနေရသည်။အဖြူရောင်ကုတင်ထက်တွင် ထယ်ယောင်းက မျက်ဝန်းများမှိတ်လျက်သားဖြင့် ‌လှဲလျောင်းနေသည်မှာ ပါးလွှာသည့်ပုဝါပါးစလေးလို လက်ဖျားလေးဖြင့်ထိသည်နှင့် ကုတင်ထက်မှလျောကျသွားတော့မည်နှယ်။သို့သော်လည်း ထိုသူက ထိုကဲ့သို့ သတိမရှိသည့်အချိန်မျိုးမှာတောင်
လှပနေဆဲဖြစ်၏။

ဟယ်ဆယ်ရာ ကုတင်ထက်မှလူကိုကြည့်ရင်းနှင့်လက်ထဲမှ အိတ်ကို ကျစ်ကျစ်ပါအောင် ခြေနေမိသည်။

ကင်ထယ်ယောင်း ပြန်မနိုးလာပါနဲ့ဒီအတိုင်းပျောက်ကွယ်သွားပေး ဒါကနင်နဲ့ငါ့အတွက်အဆင်အပြေဆုံးပဲ။

ဟယ်ဆယ်ရာ၏ ခြေလှမ်းတစ်လှမ်းတိုင်းသည် ထယ်ယောင်း၏ထံသို့ပို၍နီးကပ်လာခဲ့သည်။သူမကြောင့် အသိစိတ်မဲ့နေသည့်ထိုမျက်နှာလှလှအား မုန်းတီးစွာအတန်ကြာ စိုက်ကြည့်ပြီးသည်နှင့် ထယ်ယောင်း၏ နှာခေါင်းထက်မှအောက်ဆီဂျင်ပိုက်ကိုဖြုတ်ယူရန် လက်ကိုဆန့်ထုတ်လိုက်တော့သည်။

ဒီတိုင်းလေးပဲ ထွက်သွားပေး
.
.
.
.
.
.

ဂျုံးဂု ကားကူရှင်ကိုမှီ၍ သက်ပြင်းမောကြီးချလိုက်မိသည်။

"ဟူးးး"

ထယ်ယောင်းမတော်တစ်ဆဖြစ်သည့်နေရာရှိcctvများအားလုံးသည် ဖျက်စီးခံထားရသည်။ cctvမှက်တမ်းများလည်း အဖျက်ခံထားရပြီး အစရှာမရဖြစ်နေသည်။

"ဆေးရုံကိုမြန်မြန်မောင်း"

ဂျုံးဂုကားကူရှင်ကိုမှီ၍ မျက်ရိုးများကိုနှိပ်ရင်း မျက်လုံးများမှိတ်ထားလိုက်သည်။ထယ်ယောင်း၏မတော်တဆဖြစ်ပြီးထဲကသူအိပ်မပျော်တော့တာဖြစ်သည်။ဇောကပ်နေသောကြောင့် နွမ်းနယ်မူကိုမခံစားမိသော်လည်း ဒီနေ့ကြမှ စိတ်များလေးနေမိ၏။ခေါင်းထဲ အမြဲတွေးမိနေသည်က
တစ်ခုထဲ။

အကို့ကိုအရမ်းသတိရတယ်။

ဂျုံးဂု အသစ်လဲရန်ယူလာသော နှင်းဆီဖြူပန်းစီးကိုပိုက်ထား၍ ထယ်ယောင်းရှိရာ အခန်း၏တံခါးကိုဆွဲဖွင့်လိုက်သည်။

My Alpha(Complete)Where stories live. Discover now