3(unicode)

16.2K 1K 9
                                    


မိမိရုံးခန်းရှိရာ ခြောက်လွှာသို့သွား
ရန် ဟွမ်းနုံး ဓာတ်လှေကားထဲဝင်
လိုက်သည်။ဓာတ်လှေကားထဲသို့
အရင်‌‌ရော‌က်နေသောnurseလေးများကဟွမ်းနုံးကိုတွေ့သည်နှင့်ရယ်မော၍
နူတ်ဆက်လာကြ၏။

"ဒေါက်တာ ..မောနင်း.."

"အွန်း..မောနင်း..လာတာစောကြတယ်နော်"

"ဟုတ်ကဲ့..ကျမတို့ဂျူတီမို့လို့ပါ"

"အာ..ဒါဆို ကြိုးစားလိုက်ပါဦး"

"ဟုတ်ကဲ့ပါ"

ဟွမ်းနုံးရုံးခန်းထဲရောက်သည်နှင့်
စားပွဲပေါ်ရောက်နေပြီဖြစ်သောလူနာ
မှက်တမ်းများကို ကြည့်ရန်လုပ်
ရသည်။

"ဆရာ.."

"အင်း..လက်ထောက်ဆော..ဘာပြောမလို့လဲ"

"ဒီမှာပါ"

ဟုဆိုကာမွေးရနံ့များပါသောပန်းရောင်စာအိတ်လေးတစ်ခုအားစားပွဲပေါ်တင်ပေးသည်။

"ဒါကဘာလဲ.."

"ဒီညနေတက်ရမဲ့ပါတီ ဖိတ်စာပါ"

"ပါတီ??"

"ဟုတ်ပါတယ်"

"..အလုပ်များပါတယ်ဆိုမှ..မသွားလို့မရဘူးလား..."

လက်ထောက်ဆောကတော့ဟွန်းဝူပြောနေသည်အားမကြားသလိုပင်နေကာ လက်ထဲရှိနေသော ဖိုင်အထပ်လိုက်အား စားပွဲပေါ်သို့ချပေးကာ
ဟွန်းဝူအား သနားသည့်အမူအရာ
သေးသေးလေးပင်မပြချေ။

"ဒီနေ့ စာရင်းပေးထားတဲ့ လူနာတွေရဲ့အချက်အလက်ပါ.."

"မင်းဒီလိုအရမ်းခိုင်းလို့..ငါအရမ်းအလုပ်တွေများပြီး..လူကောင် မ
ကြီးလာတော့တာမှက်လား!!!"

"ဆရာကမွေးကထဲက မကြီးလာတာပါ.."

"ဘာ!"

"ဒါဆို..ကောင်းကောင်းလုပ်ပါ..ကျတော့်ကိုခွင့်ပြုပါဦး.."

"လက်ထောက်ဆော....တစ်ကယ်ကို..ရက်စက်တာပဲ.."

လက်ထောက်ဆော ထွက်သွားပြီး၍ပြန်ပိတ်ပေးသွားသောတံခါးမကြီးအား
မကျေမနပ်ကြည့်ကာ စူပုတ်နေရင်းနှင့်ပင် စားပွဲပေါ်မှဖိုင်တွဲများထံလက်လှမ်းလိုက်ရတော့သည်။
.
.
.
.
.
.
.

My Alpha(Complete)Tempat cerita menjadi hidup. Temukan sekarang