Limited feeling ∆ 11

72 9 0
                                    

မင်းရင်ခွင်ထဲ ငါမဟုတ်တဲ့
လေထုကလေး ခပ်ငယ်ငယ်        ( Uni. )

====================~

MoMoသူမ ကိုယ်က ဖုံတွေကိုခါလိုက်ပြီး ထရပ်လိုက်တော့ Minaကပါ ထိုင်နေရာက ထရပ်လို့လာသည် ။ သူမကြောင့်လဲကျသွားတဲ့ MoMoကို Minaဟာ အားနာနေပုံရသည် ။ မျက်နှာလေးမှုန်ကုတ်ကုတ်နဲ့ MoMoကို ကြည့်နေရင်းဘဲ

" Unnieဝင်လာမယ်မထင်လို့ပါ .. တောင်းပန်ပါတယ် "

ကလေးငယ်ဟာ သူ့အမှားကြည့် မဟုတ်ပါရဲ့နဲ့ သူမအား တောင်းပန်စကားဆိုလာသည်မို့ ထိုကလေးငယ်အား သူမ စိတ်မဆိုးမိရက်တော့တာ အမှန် ။ ကိုယ့်အသားနာရင် အနည်းနဲ့အများ စိတ်မကြည်တတ်တော့တာ လူတွေရဲ့စိတ်ဘဲမလားလေ ။
သူမ အရှေ့က ကလေးငယ်ဟာ မျက်နှာကလေးခပ်ငယ်ငယ်ရယ် ။

" တောင်းပန်လိုက်တာလား? "

" ဟုတ်ကဲ့ "

ငြိုးငယ်ငယ်မျက်နှာသေးသေးလေးဟာ သူမ မျက်ဝန်းတွေအောက်မှာ ။ မကြည့်ရဲကြည့်ရဲနဲ့ သူမအား မော်ကြည့်နေသည့် ထိုကလေးငယ်ကြောင့်တော့ သူမလည်း အမှားနဲ့ကင်းမနေခဲ့ကြောင်း သတိထားမိလိုက်သည် ။

" ဒါဆို  Unnieလည်း တောင်းပန်တယ်နော် "

" ရှင်! "

သူမ တောင်းပန်စကားပြန်ပြောတော့
အံ့ဩပြီးဝိုင်းစက်စက်ဖြစ်သွားတဲ့ မျက်ဝန်းသေးသေးလေးနဲ့ ကလေးငယ်ကို သူမ ပြုံးပြလိုက်မိသည် ။ လဲနေတဲ့ စက်ဘီးကို MoMo အသာပြန်‌ထောင်‌ေပးလိုက်ပြီး

" နောက်တစ်ခါကျ သတိထားစီး ဟုတ်ပြီလား? "

" ဟုတ် ဟုတ်ကဲ့ "

Minaသူမစက်ဘီးလေးကို MoMoလက်ထဲကနေ လွှဲပြောင်းယူလိုက်တော့ ကျောပြင်ငယ်တစ်ခုဟာ ရင်ခွင်ကျယ်တစ်ခုထဲ ရောက်ရှိလို့လာတယ် ။ စက်ဘီးလက်ကိုင်ကို မလွှတ်ပေးသေးဘဲ MoMo ခဏတာမျှ ထိုအတိုင်းလေးဘဲ ရပ်နေမိသည် ။ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ ကိစ္စတစ်ခုရဲ့ အခိုက်အတန့်အဆုံးမှာ လူသူရှင်းတဲ့ လမ်းလေးထဲ နှလုံးခုန်သံအချို့ဟာ ခပ်တိုးတိုး ပျံလွင့်လို့လာခဲ့‌သည် ။

🍃 လမ်းမှားပြီး ဒီအရပ်ကို လွင့်ဝဲလာမိတဲ့ ကိုယ့်ကိုကိုယ် အပစ်ပြန်တင်တတ်ဖို့ သင်ပေးတာလား?MoMo .. မင်းရင်ခွင်ထဲ ငါမဟုတ်တဲ့ လေထုကလေးက ခပ်ငယ်ငယ်

Limited FeelingWhere stories live. Discover now