ချစ်ခြင်းတစ်ခုအား ပြန်လည် ( Uni )
ဖော်ဆောင်ခံလိုက်ရသော
ဒုတိယကြိမ်မြောက် အနမ်း====================~
သူစိမ်းတစ်ယောက်ကို ညစာချက်ကျွေးရတာ
ဟာ ဇာတ်သိမ်းပိုင်းရဲ့ သတ္တမမြောက် ဇာတ်ဝင်ခန်း အစပျိုးခြင်းဖြစ်လာခဲ့သည် ။ ဒဏ်ရာပေးသူကို ဒဏ်ရာအကြွေးပြန်စပ်ရတဲ့ ဖြစ်ရပ်ဟာ ရယ်စရာများကောင်းနေမလား ။ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ MoMoကိုကြည့်ရင်း စားပွဲကခုံတစ်ခုမှာ Minaထိုင်နေလေသည် ။" မင်းငါ့ကို ဒီအတိုင်းဘဲ ထိုင်ကြည့်နေတော့မှာလား? ဘားမှကူမလုပ်ပေးတော့ဘူးလား? "
" အွန် .. ဒီအတိုင်းဘဲ ထိုင်ကြည့်နေရတာက ဘားမှ မလုပ်ရလို့ သက်သာတယ်လေ "
" မင်း ဒီမှာ ဘယ်နှစ်ရက်လောက်နေအုံးမှာလဲ? "
" အခုက Myနဲ့ပတ်သက်ပြီး MoMo unnieတစ်ခုခုကို သိချင်လို့ မေးလိုက်တာ ပထမဆုံးအကြိမ်ဘဲ သိလား? "
" သိတယ်လေ .. မင်းပြောပုံက မသိရင် ငါတို့က အရင်ထဲက သိနေသလိုလိုနဲ့ "
" အွန်းနော် အရင်ထဲက သိခဲ့ကြရင် ကောင်းသား "
" ရပြီ .. ဒီတစ်ခုတော့ ကူညီပေးလို့ရမလား? Mina "
" ဟွန်? ဘာကိုကူညီပေးရမှာလဲ? "
" ဒီပန်းကန်လေးတွေ မင်းထိုင်နေတဲ့ စားပွဲဝိုင်းပေါ် ပြောင်းတင်ပေးဖို့ "
🌷...
" အရသာရှိသားဘဲ .. MoMo unnieကို အခုလို ဟင်ကောင်းကောင်းချက်တတ်မယ်မထင်ထားဘူး "
MoMo စားပွဲေပါ်ကရေဘူးကိုယူလိုက်ကာ အဖုံးဖွင့်နေရင်းက
" ငါကအဲ့လိုဘဲ .. ဘားမှလုပ်တတ်တယ်လို့ကို မထင်ရတာ "
" ကိုယ့်ကိုယ်ကို နှိမ့်ချတာလား? ချီးကျူးလိုက်တာလား? မသဲကွဲဘူးရယ် "
" မင်းရေခွက်ပေး "
ရေမဖြည့်ထားတဲ့ သူမအရှေ့က ဖန်ခွက်အလွတ်လေးကို Minaတစ်ချက်ကြည့်လိုက်ပြီး အရှေ့သို့ အနည်းငယ် ရွှေ့ပေးလိုက်သည် ။ ရေဖြည့်ပေးပြီး သူမအရှေ့ကို ပြန်ချပေးသည့် MoMoကြောင့် သူမ သဘောကျစွာ ခေါင်းငုံ့ရင်း အနည်းငယ် ပြုံးမိလိုက်သည် ။ ဒါကို MoMoဟာ မမြင်လိုက်ဘူး ။ အချိန်အတော်ကြာ တိတ်ဆိတ်သွားတဲ့ နောက်တော့ Minaဘက်ကဘဲ စကားအစပြန်ပျိုးလိုက်ရသည် ။
أنت تقرأ
Limited Feeling
أدب الهواةသူမအကြောင်းလေး နည်းနည်းပြောပြမယ် နားထောင်ပေးမလား? ဒီတော့ သူမ နာမည် Hirai MoMoဆိုတာက စမယ်