Limited Feeling ∆ 12

62 6 2
                                    

ကနဦးအစက                                  ( Uni. )
တစ်ဖက်သက်ဇာတ်လမ်းလေး
တစ်ခန်းရပ်လိုက်တယ်

======================~




စားအုပ်ကို ပိတ်လိုက်ပြီး သူမ ဘေးက အတန်းခေါင်းဆောင်Baeကို ကြည့်လိုက်တော့ သူမကို ရပ်ပြီး ကျောပိုးအိတ်ကြိုးကိုကိုင်ကာ ကြည့်နေသည့်
လေထုငယ်လေးကို တွေ့လိုက်ရသည် ။

" စာမေးပွဲကလိုသေးတယ်မလား? ဘာလို့ စာကို ဒီလောက်လုပ်နေတာလဲ? "

လက်ထောက်လိုက်တဲ့ အတန်းခေါင်းဆောင်Bae ကြောင့် Minaကို MoMoမမြင်ရတော့ ။ ဖြစ်နိုင်ရင် Sue Jiကိုယ်ကိုကျော်ပြီး Minaကို လှမ်းလို့ကြည့်ချင်ပေမဲ့ မကြည့်ဖြစ်ဘဲ ဟန်မပျက်သာ ထိုင်နေရင်း သူ့ဘာသာသူပြန်ဖယ်သွားအောင်လုပ်ဖို့ သာMoMoတွေးလိုက်မိသည်။

" Bae Sue Ji shi,  သင်္ချာဆရာက ဒီမနက် သူကျောင်းမရောက်ခင် အိမ်စာတွေ လာထပ်ခိုင်းထားတယ်မလား? "

ထိုတော့မှ " ဟုတ်သားဘဲ " တစ်ခွန်းပြောပြီး ကျောင်းဆောင်ရှိရာဆီပြေးသွားတဲ့ အတန်းခေါင်းဆောင် Baeကို MoMoကြည့်နေမိပြီး Minaကို ပြန်ကြည့်မိတော့ ထိုကလေးက သူမအနားပင် ရောက်နေလေပြီ ။ ဘေးမှာထိုင်နေတဲ့ Minaကို MoMoကြည့်လျှက်ဘဲ သူမရဲ့စာအုပ်တွေကိုတစ်အုပ်ပေါ်တစ်အုပ် ထပ်လိုက်မိသည် ။

" ခုနက unnieက ကျောင်းမှာ MoMo Unnie ကောင်မလေးဆိုပြီး သတင်းထွက်နေတဲ့ အစ်မမလား? "

" အဲ့unnieက အတန်းခေါင်းဆောင်ပါ .. Unnie ကောင်မလေးမဟုတ်ပါဘူး "

" ဒါဆိုဘာလို့ သူများတွေက အဲ့လိုပြောနေကြတာလဲ? "

" ဒီအကြောင်းတွေကို ဘယ်လိုကြားလာလည်းတော့မသိပေမဲ့ Unnieတို့က အတန်းဖော်သက်သက်ပါဘဲ ဒီထက်မပိုဘူး "




🌷...



ကျောင်းတတ်တတ်ချင်းအချိန်က အင်္ဂလိပ်စာချိန်မို့ ဆရာက Unit  6ကို ရှင်းနေပေမဲ့ MoMoမှာတော့ ပုဒ်ဖြတ် ပုဒ်ရပ်သင်္ကေတတွေသာလိုက်မှတ်လို့နေရင်း စိတ်တွေကတော့ ကျောင်းရှေ့က စာကြည့်ခုံတွေနေရာဆီသာ လွင့်ပျယ်နေမိသည် ။



🌷...





" နှစ်လယ်ကျောင်းအားကစားပြိုင်ပွဲမှာ ပါချင်တဲ့သူတွေ ဒီနေ့အပြီး 11_Aက အတန်းခေါင်းဆောင် Bae Sue Ji unnieဆီမှာ စာရင်းသွားပေးရမယ် "





Limited FeelingWhere stories live. Discover now