Limited Feeling ∆ 8

103 16 0
                                    


နှလုံးသားနဲ့ အသိစိတ်တစ်ချို့က   ( Uni. )
အချစ်ပေါ် လိုက်ပြီး
ပြောင်းလည်းတတ်သလား ?
လေထုငယ်

========================~

" ဒီည ဒီမှာဘဲ အိပ်တော့မယ် .. ဟိုဘက်နဲနဲတိုး "

စောင်ကိုအတင်းဆွဲခြုံပြီး ကုတင်ပေါ်ပြန်တက်လာသည့် MoMoကြောင့် Minaဘေးတစ်ဖက်ကို အမြန်တိုးလိုက်ရသည် ။ သူမကို ကြည့်ပြီး ပြုံးနေတဲ့ MoMoကို Minaကြည့်လိုက်မိတော့

" ခုဏကလိုလေ Unnieကို ပြန်နမ်းပါအုံးလား? "

ခေါင်းထဲ ဘာအတွေးမှ မရှိတော့ဘူး ။ အခုချိန်မှာ အဲ့မိန်းကလေးဆီက အနမ်းတစ်ချက်ကိုဘဲ သူမ သိတော့သည် ။ Minaသူမ အောက်နှုတ်ခမ်းကို အသာသပ်လိုက်ပြီး ခပ်မြန်မြန်တစ်ချက် MoMoနှုတ်ခမ်းကို လှမ်းနမ်းလိုက်သည် ။ နမ်းလိုက်ပြီးနောက် MoMoကိုကြည့်မိတော့ မျက်လုံးချင်းဆုံသွားသည်
မို့ ရှက်စိတ်ကြောင့် ရဲတတ်လာတဲ့ မျက်နှာတစ်ခုလုံးကို MoMoရင်ခွင်ထဲ Minaထိုးအပ်ပြီး ခိုပုန်းလိုက်မိသည် ။ သူမအား အသာအယာဖက်ပေးလာသည့် MoMoကြောင့်

" ကျေးဇူးတင်ပါတယ် MoMo Unnie "

" ဟုတ်တာပေါ့ ကျေးဇူးတင်ရမှာ "

မျက်လုံးတွေကို အသာမှိတ်လိုက်ပြီး သူမရင်ခွင်ထဲက Mina ခေါင်းလေးကို MoMoနမ်းရှိုက်လိုက်သည်။ ပြီးနောက် သူမ ပါးပြင်နဲ့ Minaခေါင်းကိုကပ်လိုက်ပြီး ခုဏကထက် ပိုတင်းတင်းလေးဖက်လိုက်၏ ။

🌷...

ဇာတ်သိမ်းပိုင်းရဲ့ အဋ္ဌမမြောက်ဇာတ်ဝင်ခန်းဟာ
ကိုယ်မြတ်နိုးရတဲ့ လေထုလေးကို ရင်ခွင်ထဲ ထည့်ထားရင်းနဲ့ အစပြုတယ် ။

🌷...

မနက်စာစားဖို့ MoMoအောက်ကို ဆင်းမလာသည်မို့ MoMoအခန်းသို့ Sana ရောက်လာခဲ့သည် ။ အခန်းတံခါးကို ခေါက်ပေမဲ့ အခန်းအတွင်းက အသံတစ်ဆုံတစ်ရာ ပြန်မကြားရခဲ့ ။ အသာတံခါးကို တွန်းဖွင့်လိုက်ပြီး

" မနက်စာ စားရအောင်လေ "

အခန်းအတွင်းမှာ MoMoကိုမတွေ့ရ ။

" ဘယ်ထဲက ထွက်သွားတာပါလိမ့် "

ညထဲက MoMoအိမ်ပြန်မအိပ်တာကို Sanaမသိခဲ့သလို ။ စတေကာဝယ်ဖို့ MoMoထွက်သွားတာကိုလည်း Sanaမသိခဲ့ပါ ။

Limited FeelingTempat cerita menjadi hidup. Temukan sekarang