Limited Feeling ∆ 3

203 17 0
                                    

အတိတ်ကို အတိတ်ပါဘဲလို့  ( Uni )
သက်မှတ်လိုက်တဲ့အခါ
===================~

ဇာတ်သိမ်းပိုင်းရဲ့ တတိယမြောက်ဇာတ်ဝင်ခန်းကို ဒီလိုလေးအစပြုလိုက်ရအောင် ။ အတိတ်ကို အတိတ်ပါဘဲလို့သက်မှတ်လိုက်တဲ့အခါ အရာရာဟာ အဆင်ပြေသွားတယ် ။ အတိတ်မှာ သူမဟာ အဲ့ဒိမိန်းကလေးကို ချစ်ခဲ့တယ် ။ ဟုတ်တယ် သူမ အဲ့ဒိမိန်းကလေးကို ချစ်ခဲ့တယ် ။ ပြောင်းလဲမရတဲ့အတိတ်ကို သူမ ဟာ မလွမ်းချင်တော့ပါဘူးတဲ့လေ ။ ဒါကြောင့်လည်း သူမဟာ အကြိမ်ကြိမ် အတိတ်တွေက ထွက်ပြေးခဲ့တယ် ။ မလွတ်မြောက်နိုင်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ သူမဟာ
အတိတ်တွေဆီက ထွက်ပြေးဖို့ မကြိုးစားတော့ဘူး ။ အတိတ်ကို အတိတ်လို့ဘဲ သူမ သတ်မှတ်လိုက်တော့တယ် ။ ဒီတော့ သူမ အများကြီး အဆင်ပြေသွားခဲ့တယ်ပေါ့ ။ နာကျင်မှုတွေ မျက်ရည်တွေ အထီးကျန်မှုတွေကို သူမ ထွေးပိုက်ပြီးနေစရာ မလိုတော့ဘူး ။

" အပြင်မှာတော့ အေးသားဘဲ "

" ငါ့ကို အပြင်ခေါ်လာတာ ဘာပြောမလို့လဲ?"

" အွန်း ပြောစရာ ရှိတယ် "

" ဒါဆိုပြောလေ "

" ငါ ?? ____ မနက်ဖြန် ခေါင်းလျှော်ရင်ကောင်းမလား? "

စကားဆုံးတော့ သူမ သူငယ်ချင်းဟာ ဒါန်းကို လွှဲလိုက်တယ် ။ အနားကဖြတ်ပြေးသွားတဲ့ လေထုထဲ သူမ သူငယ်ချင်းဟာ ခဏတာပျောက်သွားတယ် ပြီးတော့ သူမ‌ ဘေးကဖြတ်ပြီး သူမ အရှေ့မှာ ပြန်ပေါ်လာတယ် ထပ်ပျောက်သွားပြန်တယ် ပေါ်လာပြန်တယ် ။

" ငါ ခေါင်းမူးလို့ ညိမ်ညိမ်ထိုင်စမ်းဟာ "

" ငါ့ဒါန်းငါစီးနေတာလေ .. နင်နဲ့အတူတူ ဒါန်းစီးနေတာလည်းမဟုတ် .. အဲ့ဒါကို နင်က ခေါင်းမူးနေသေးတယ် "

" ငါဒါန်းမစီးပေမဲ့ နင့်ရဲ့ အရှေ့ရောက်လိုက် အနောက်ရောက်လိုက်ကြီးကို မြင်နေရတယ်လေ "

ခြေစုံချလိုက်လို့ ရပ်သွားတဲ့ ဒါန်းငယ်ဟာ ခဏအတွင်းမှာဘဲ သူမနဲ့ မျက်နှာ ချင်းဆိုင်အနေအထားဖြစ်သွားသည် ။ သူမထိုင်နေတဲ့ ဒါန်းကြိုးကို ကိုင်ပြီး ဆွဲလှည့်ခံလိုက်ရလို့ သူမဟာ ဘေးတစ်ဖက်ကို မျက်နှာမူပြီးသား ဖြစ်သွားခဲ့သည် ။

Limited FeelingWhere stories live. Discover now