Limited Feeling ∆ 17

46 9 0
                                    

သိပ်မလှခဲ့တဲ့
အမှတ်တရအကြောင်းတွေ ( uni. )
ပြန်ပြောပြရမလား
===================~



ရက်သက်တစ်ပတ်တွေကနေ လတွေပြောင်းရင်း နှစ်တွေဆီနီးလို့လာတယ် ။ MiNaနဲ့MoMoပြန်ဆုံတွေ့ဝာာ ဒီတစ်ရက်ဝာာနဲ့ဆို တစ်နှစ်ပြည့်ဖို့ တစ်ပတ်နီးနီးလေး ။ MiNaက ထုံးစမ်တိုင်းလိုလို တစ်လပြည့်တိုင်း ရုတ်တရက်ပျောက်ပျောက်သွားတတ်တယ် ။ ဒါကို MoMoကိုယ်တိုင်လည်း သတိထားမိလာသလို MoMoသတိထားမိနေတာက်ိုလည်း MiNaကိုယ်၌က သိနေပြီသား ။ ဒီလောက်အခြေအနေဆို အကြောင်းပြချက်တစ်ခုကို MoMoသိအောင် ပြောရမှာဆိုပေမဲ့ MiNaဟာ ဖာသိဖာသာလေးဘဲနေလို့နေသည် ။ သူမ မှာ MoMoကို ဘာရယ် ဘာကြောင့်ဆိုပြီး အကြောင်းပြချက်ပေးစရာ အသိပေးစရာ မလိုသလိုမျိုးနဲ့ပေါ့ ။





MiNaအိပ်ခန်းထဲက ထောင့်တစ်နေရာမှာထိုင်ရင်း အိမ်ပြင်ကို ငေးကြည့်နေတဲ့ MoMo ။ ရေချိုးပြီးထွက်လာတဲ့ MiNaက သူမ အဝတ်စားတွေလဲပြီးတဲ့နောက် MoMoနားကို လျှောက်လာရင်း MoMoရဲ့ ခါးတွေဆီ သူမရဲ့လက်တွေကို ရစ်ပတ်ထားလိုက်သည် ။ ပခုံးသားအထက် မေးတင်ရင်း



" စောင့်နေရတာ ကြာသွားလား "

" မကြာပါဘူး "

" ဒီနေ့ JYPEကိုမသွားဘူးလား "

" နေ့လည်လောက်မှ သွားမို့ "

" ဒါဆို အဲ့အချိန်မရောက်ခင်အထိ Myနဲ့ အတူရှိနေပေးလို့ရတယ်မလား "




မသိမသာနှုတ်ခမ်းလေးတွန့်ချိုးရင်း MoMoက ခေါင်းညိတ်လိုက်သည် ။ ဒါကို သဘောကျသွားတဲ့ MiNaက MoMoရဲ့ ပါးတစ်ဖက်ကို နမ်းလိုက်ပြီး



" MoMo unnieက ချစ်ဖို့ကောင်းတယ် "

" My ~ "



Myလို့ဘဲ ညင်ညင်သာသာထွက်လာတဲ့ MoMoအသံတွေက Minaကို ကျောပေးထားဆဲ ။
ခါးကလက်ကို Minaဖြေချလိုက်တော့မှ Minaဘက်ကို လှည့်လာသည့် MoMo ။



" ဟုတ် ပြောလေ unnie "

" တစ်ခုခုဖြစ်နေတာလား "

" ဟွန် "

" ..... "

" ဘယ်လိုမျိုးလဲ "





သူမကိုဘဲ ကြည့်နေပြီး ဘားမှထပ်မဆိုတဲ့ MoMoကြောင့် Minaက ထပ်လို့မေးတော့ MoMoက ရုတ်တရက်ဘဲ Minaကို ပြုံးပြလို့လာသည် ။

Limited FeelingWhere stories live. Discover now