Limited Feeling ∆ 14

64 6 0
                                    

အပျော်ကြူးလို့                               ( Uni. )
လမ်းစပျောက်သွားရတဲ့
လိပ်ပြာငယ်‌ရေ

=================~





Sue jiနဲ့အတူMoMo ကွင်းထဲကို ရောက်လာတော့ ပြိုင်ပွဲဝင်မဲ့ကျောင်းသားတွေဟာ အတော်လေးကို တတ်တတ်ကြွကြွဖြစ်နေကြတာကို MoMoတွေ့လိုက်ရသည် ။ သူမတို့နှစ်ကကျောင်းသားတွေဟာလည်း ကွင်းရဲ့နေရာတိုင်းမှာ ရှိလို့နေလေသည် ။
သူမကို လှမ်းမြင်လိုက်လို့ သူမကလည်း မျက်နှာချင်းဆိုင်မိခဲ့ရင် Fightingဆိုပြီး လက်သီး‌လက်မောင်းတွေတန်းကာ ပြကြသည်။ အခန်းထဲမှာတော့ အမြဲသူသူငါငါလိုနေကြပေမဲ့ ဒီလိုအဖွဲ့အစည်းနဲ့လုပ်တဲ့ပွဲမျိုးတွေဆို လူညီပြီးအားတတ်သရောလုပ်ဆောင်တတ်ကြသည် ။ နှစ်ငယ်တွေဘေးမှာ MoMoနဲ့Sue Jiထိုင်လိုက်မိတော့ လူအုပ်ကြားထဲ သူမရဲ့ လေထုကို ရှာမိပြန်သည် ။   ဘယ်ဆီဝယ်လွင့်နေလည်း မသိတဲ့ သူမရဲ့ လေထုငယ်ဟာ ဘယ်အချိန်မှာဘယ်လို သူမအရှေ့လွင့်လို့ပျံလာမယ်မသိ ။





" ဒီမှာဘဲထိုင်နေနော် .. ပွဲစလို့ သီချင်းဖွင့်ရင် အတန်းကိုယ်စားပြုအနေနဲ့ နင်အရင် ကရမှာ  .. ကြီးစဉ်ငယ်လိုက်ပေါ့ .. အရင်လို အငယ်တွေဦးစားပေးစနစ်မဟုတ်တော့ဘူး .. လုပ်စရာလေးတွေရှိသေးလို့ ငါသွားပြီ "







MoMoပခုံးကိုပုတ်ပြီး ထွက်သွားတဲ့ Sue Jiက heart signလေးလည်း လုပ်ပြလို့သွားသေးသည် ။ ဘေးကအငယ်တွေကလည်း သူမတို့နှစ်ယောက်ကို တကြည့်ကြည့်နဲ့ပေါ့ ။










🌷...




အားလုံးနဲ့မတူဘဲကွဲနေတဲ့ ဝတ်စုံကိုဝတ်ပြီး စင်ဆောက်ထားတဲ့ဘက်ကို ဆရာတွေနဲ့အတူ ရောက်လာတဲ့ ကျောင်းသားတွေထဲ Minaပါ ပါလာခဲ့သည် ။ Suitကိုကျကျနနဝတ်ထားတဲ့ ထိုကျောင်းသားတွေက အခမ်းနားမှုး အစီစဉ်တင်ဆက်သူတွေအနေနဲ့ ဒီအားကစားပြိုင်ပွဲအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ပေးမဲ့သူတွေဖြစ်ကြသည် ။ ခါတိုင်း အခမ်းအနားမှုးကို ဆရာတွေဘဲ လုပ်ခဲ့ပေမဲ့ ဒီနှစ်တော့ ကျောင်းသားတွေထဲက ရွေးချယ်ထားပုံရသည် ။ စီနီယာတွေအတွက် ဂျူနီယာတွေရဲ့နှုတ်ဆက်ပွဲသဘောလေးလည်း လုပ်ပေးချင်တာကြောင့် အခမ်းအနားမှုးရွေးတဲ့အထဲ နောက်ဆုံးနှစ်တွေကို ထည့်လို့မရွေးခဲ့ဘူး ။စမတ်ကျလွန်းတဲ့ အခမ်းအနားမှုးအဖြစ်ကိုယ့်အတန်းဖော်တွေကိုမြင်တော့ ကွင်းထဲက ပြိုင်ဝင်တွေဆီကနေ အာမေဋိတ်အသံတွေ ထွက်ပေါ်လို့လာကြသည် ။ 
ကိုယ့်အတန်းဖော်ရဲ့နာမည်ကိုအော်ပြီးအားပေးနေကြတဲ့ အတန်းသားတွေဟာ သူ့ထက်ငါ ကိုယ့်အတန်းဖော်ရဲ့နာမည်ကို ပိုပြီးကျယ်ကျယ်အော်ကြသည်မို့ နာမည်တွေဟာလည်း ရောထွေးလို့နေလေသည် ။ အသံတွေဆူညံသွားလို့ စင်ဘက်ကို လှမ်းကြည့်လိုက်တော့  ကျောင်သားတွေနဲ့ကွယ်သွားလို့ MoMoမှာ Minaကို မြင်ခွင့်မရလိုက် ။ ကြည့်နေပေမဲ့ ကွယ်နေတဲ့ ကိုယ်ခန္ဓာထွားထွားတွေကြောင့်နဲ့ သူမရဲ့ လေထုငယ်ကို ဘယ်လိုမှ မမြင်ရနိုင်ဖြစ်နေလေသည် ။ ထိုအချိန်မှာဘဲ MoMoပါးကို ထပ်ပြီး အေးတဲ့အရာတစ်ခုနဲ့ အကပ်ခံလိုက်ရပြန်သည် ။ အရင်တစ်ခါလို ထိုလူကို MoMoကြည့်မိပြန်တော့ အအေးဘူးကိုဖောက်ပြီးသောက်လိုက်တဲ့ Sanaဆီကနေ


Limited FeelingTempat cerita menjadi hidup. Temukan sekarang