လေထု ( Uni )
====~Photo shotting တစ်ခုက မနက်၉ခွဲလောက်မှာ ပြီးသွားသည်မို့ JYPEသို့ သင်တန်းသူတွေကို နားရက်ပေးပေးဖို့အတွက် CEOနှင့် စကားပြောကြည့်ရန် MoMo ရောက်လာခဲ့သည် ။ Entertainment အရှေ့ကိုရောက်မှ သူမဖုန်းထဲ ဝင်လာသည့် messageကြောင့် ဝင်ပေါက်မှာ ခဏရပ်ရင်း သူမ ထိုmessageကို replyပြန်နေတုန်း သူမ အရှေ့ကို မိန်းကလေးတစ်ယောက် ရောက်လာခဲ့သည် ။
" ဒီနေရာမှာ ရပ်လို့မရဘူး မဟုတ်ဘူးလား? "
စာရိုက်နေရာက သူမအရှေ့က မိန်းကလေးကို မျက်လုံးပင့်ကြည့်လိုက်ပြီး
" မဟုတ်ဘူး ရတယ် , ဟိုနေရာမှာသာ ရပ်လို့မရတာ "
သူမအရှေ့ ခပ်လှမ်းလှမ်းက အဝါရောင်မျဉ်းကြောင်းကို မေးငေါ့ပြပြီးပြောလိုက်တော့ သူမ အရှေ့က မိန်းကလေးဟာ အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည် ။
" ဒီနေရာက ကန့်သက်နေရာ မဟုတ်ဘူးလား? "
" ဟုတ်တာတော့ဟုတ်တယ် .. ဒါပေမဲ့ ရပ်လို့တော့ရတယ် "
စာရိုက်လို့ပြီးသွားသည်မို့ တစ်ဖက်ကို စာပို့လိုက်ပြီး ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲသို့ သူမ ထည့်လိုက်သည် ။
" ငါသွားတော့မှာ မင်းဘာပြောချင်သေးလဲ?"
" မရှိပါဘူး .. ဒါပေမဲ့ မေးစရာ တစ်ခုတော့ရှိတယ် .. ရနိုင်မလား? "
" ဘာလဲ? "
" အဆင်ပြေေနရဲ့လား? "
စူးပြီးအောင့်သွားတဲ့ နှလုံးသားဟာ ထိုမိန်းကလေးရဲ့ မေးခွန်းအတွက် အဖြေဘဲ ။ တစ်စုံတစ်ယောက်က သူမကို အခုလို တူညီတဲ့ မေးခွန်းတွေ မေးတိုင်း သူမ နာကျင်ရတယ် ။
" ငါတို့သိလို့လား? "
တင်းမာနေတဲ့ မေးခွန်းတစ်ခုတော့ မဟုတ်ဘူး ။ ခပ်အေးအေးဖြစ်သွားေစတဲ့ အခြေအနေမှာ လွင့်ပျယ်လာတဲ့ မေးခွန်းသာသာဖြစ်သည်။
" တစ်ယောက်နဲ့တစ်ယောက် မသိလည်း ဒီလိုမေးခွန်းမျိုးက မေးလို့ရတယ် မဟုတ်ဘူးလား? "
" ငါ အဆင်ပြေတယ် .. ဒါဘဲမလား ငါသွားပြီ "
ထွက်သွားတဲ့သူမကို ထိုမိန်းကလေးဟာ အမည်နာမတစ်ခုနဲ့ ဟန့်တားလိုက်သည် ။
KAMU SEDANG MEMBACA
Limited Feeling
Fiksi Penggemarသူမအကြောင်းလေး နည်းနည်းပြောပြမယ် နားထောင်ပေးမလား? ဒီတော့ သူမ နာမည် Hirai MoMoဆိုတာက စမယ်