Ep-2(Z+U)

11.3K 807 8
                                    

ဒီလိုကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်ကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ ။ ဘာလို့ဒီလောက်တောင် လှရက်နိုင်ရတာလဲ ။ ပြီးတော့လည်း မိန်းကလေးအချင်းချင်းတောင် ။   

"ဟာ မိန်းကလေးအချင်းချင်း ။"

မောင့်အတွေးထဲက စကားတွေက နှုတ်ခမ်းဖျားက ထွက်သွားတော့ ထို မိန်းမပျိုလေးမောင့်အသံကို ကြားသွားသည့်ဟန် မောင့်အားလှည့်ကြည့်လိုက်ချိန် မောင့်သည် နူးညံ့သိမ်မွေ့သောအပြုံးနှင့်တကွ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေးဆီက အကြည့်ခံလိုက်ရတော့ မောင့် မျက်နှာလေးဟာ ရဲတွတ်သွားပြီး ရှက်ရှက်ဖြင့် အပြေးထွက်သွားခဲ့တော့သည် ။ ကျန်ခဲ့တဲ့ မိန်းမပျိုလေးကတော့ မောင့်အား နားမလည်နိုင်စွာဖြင့် ကြည့်နေခဲ့၍ ကျန်နေခဲ့တော့သည် ။

ထိုသို့မောင်ပြေးသွားချိန်၌ အဝေးမှလမ်းလျှောက်လာကြတဲ့ ချယ်ရီတို့ကိုမြင်တော့ ချယ်ရီတို့မှ..

"မောင် ဘယ်လိုဖြစ်ပြီးပြေးလာတာလဲ ။"

မောင်စကားပြောချိန်၌ နည်းနည်းလေးမောသံပါသွားဟန် ။

"ဘာမှမဖြစ်ဘူး ။"

" ဟုတ်လို့လား ။ နင့်ကြည့်ရတာ သရဲတွေ့လာသလိုပဲ ။ "

ဟု လင်းမြတ်က အသံစွာစွာနဲ့ ခပ်ငေါက်ငေါက်လေး ပြောလိုက်တော့သည် ။

ထိုအချိန် မောင့်အနောက်မှ စကားသံကိုလည်း ကြားလိုက်တော့သည် ။

"ဟောဒီ့က ချယ်ရီ့သူငယ်ချင်းတွေလား ။ "

မောင်လည်း အသံဝဲဝဲလေးကြားရာကိုလှည့်ကြည့်လိုက်တော့ အခုနက မောင့်အားနူးညံ့တဲ့အပြုံးလေးနဲ့တကွ ဆွဲဆောင်မှုရှိတဲ့မျက်လုံးနဲ့ကြည့်လိုက်တဲ့ မိန်းမပျိုလေးတစ်ဦး ။ ထို မိန်းမပျိုလေးကို မောင်မြင်တော့ အလန့်တကြားဖြင့် ။

"အား ......."

"ဟဲ့ မောင် နင်ဘာဖြစ်တာလဲ ။ "

"ခေတ္တာ ။"

မောင်ဟာ ခေတ္တာနောက်ကို အပြေးသွားပြီး ထို မိန်းမပျိုလေးအား ခိုးကြည့်မိသေးသည် ။ ထိုမိန်းမလှလေးဟာလည်း မောင့်အား နားမလည်နိုင်သောအကြည့်လေးတွေနဲ့ပဲ ကြည့်နေလို့သာ ။

ရိုးမသက်သေ (Complete)Where stories live. Discover now