Ep-21(Z+U)

9.7K 634 25
                                    

ရင်ခုန်စရာကောင်းလွန်းတဲ့ ညချမ်းအချိန်ခါလေးပေါ့ ။ မိုးစက်လေးတွေဟာလည်း အဖော်ပြုနေပေးသလို အခန်းငယ်ရဲ့ ကုတင်ပေါ်မှာလည်း မိန်းကလေး၂ဦးဟာ အလွမ်းတွေကို အတိုးချရင်း ချစ်ကြိုးသွယ်နေလေတော့၏ ။

"မောင် .."

"ရှင် ..."

နန်းဟာ မောင့်ကိုနာမည်ခေါ်ပြီး ဘာစကားမှ မပြောပဲ မျက်နှာချင်းဆိုင် ဘေးတစောင်း အနေအထားဖြင့် ချစ်ပြုံးပြုံးပြနေခဲ့လေ၏ ။ မောင်လည်း သူမရဲ့ မ ကို ကြည့်ကာဖြင့် အသည်းတွေယားနေမိပြန်သည် ။

"ဘာလဲ မရဲ့ ။ လူကို ခေါ်ပြီးရင်လည်း ပြောစရာရှိတာကို ပြောလေ ။ ဘာပြောမလို့လဲ ။ "

"ဘာမှမဟုတ်ပါဘူး မောင်ရယ် ။ အိပ်မက်မက်နေတယ်ထင်လို့ ။ မယုံကြည်နိုင်ဘူးလေ ။ "

" မောင်ရောပဲ တကယ်မယုံကြညိနိုင်သေးဘူး ။ ဒါနဲ့ မရဲ့ရင်ခွင်ထဲမှာ အိပ်လို့ရလား ။ "

"သိပ်ရတာပေါ့ မောင်ရဲ့ ။ လာလေကွယ် ။ "

နန်းရဲ့ခွင့်ပြုချက်ကြောင့် မောင်ဟာ ထိုရင်ခွင်လေးထဲဝင်လိုက်ပြီး နန်း၏ ကျောပြင်လေးကိုလည်း လက်ကလေးနဲ့ ဖက်တွယ်ထားလေတော့၏ ။ နန်းမှာလည်း ရင်ခုန်ရလွန်းလို့ မောင့်ရဲ့ဆံနွယ်လေးတွေအား လက်ချောင်းလေးနဲ့ ကစားပေးနေလေတော့၏ ။

"မ သိလားဟင် ။ မောင် အခုအရမ်းပျော်နေတာကို ။ ပြီးတော့ မ နဲ့ ဒီလောက်မြန်မြန်တွေ့လိမ့်မယ်လို့လဲ မထင်မိဘူး ။ ပိုဆိုးတာက ချစ်သူတွေဖြစ်သွားကြလိမ့်မယ်လို့လေ ။ "

"တစ်ခါတစ်လေ မထင်ထားတာတွေဟာ အလျှင်အမြန်နဲ့ တကယ်ဖြစ်သွားတယ်လေ မောင်ရယ် ။ "

"ဟုတ်မယ်နော် ။ သြော် ဒါနဲ့ ။ မ မနက်ဖြန် ဆေးရုံသွားရမှာမလား ။ "

"ဟုတ်တယ် ဆေးရုံသွားရမှာ ။ ဧပရယ်နဲ့ အကိုသီဟနဲ့အတူတူ projectအသစ်လုပ်ရမှာလေ ။ "

"အကိုသီဟဆိုတာ မနက်က မ ဘေးနားက လူလား ။"

မောင့်ရဲ့ စကားကြောင့် မောင့်ကို ဖက်ထားရာမှ ဖြေးဖြေးချင်း ခွာလိုက်ကာဖြင့် ။

"မောင်က ဘယ်လိုသိတာလဲ ။ ဟင် ဒါဆို ဘေးနားကပြေးထွက်သွားတာ မောင်လား ။"

ရိုးမသက်သေ (Complete)Where stories live. Discover now