Ep-18(Z+U)

7.4K 581 14
                                    

နောက်ဆုံးတော့လည်း ကိုယ်တစ်ချိန်တုန်းက သဘောကျ မြတ်နိုးခဲ့ဖူးတဲ့ မိန်းကလေးရှိရာ နေရာလေးတစ်နေရာကို ကိုယ်ရဲ့ မျှော်လင့်ခြင်း ခြေလှမ်းတွေနဲ့အတူတူ ပြန်လာမိခဲ့ပြန်ပြီ ။

ဟိုအရင်ကလိုမျိုး မောင်တို့ပြန်တွေ့ခဲ့ရင် "မ" ရင်ခုန်နေမိဖို့ကိုပဲ မျှော်လင့်နေမိခဲ့သည် ။ အချိန်တွေ ကြာသွားခဲ့ပေမယ့် "မ" ကို ချစ်တဲ့ မောင့်ရဲ့အချစ်တွေဟာ ဘယ်သောအခါမှ ရိုးအီသွားခြင်း မရှိဘူးဆိုတာ "မ"သိပါစေ ။

"Hello မာမီ ။ မောင် အခုပဲ ရောက်တယ် ။ "

"------------"

"ဟုတ်ကဲ့ မာမီ ။ ဆိုင်အတွင်းဘက်တွေလည်း အဆင်ပြေတယ် ။ ဆိုင်ဘေးပတ်လည်မှာလည်း ဆေးရုံနဲ့ ကျောင်းရှိတော့ ကောင်းတယ်လို့ ပြောလို့ရမယ် မာမီ ။ "

"------------"

"ဟုတ်ကဲ့ မာမီ ။ ဆိုင်ဖွင့်ပွဲနေ့ကို မောင်ကြိုပြောမယ်နော် ။ "

"------------"

"တာ့တာ မာမီ ။ "

တီ ဆိုသောအသံနဲ့အတူ မောင်ဟာ ဖုန်းချလိုက်ပြီး အဆောက်အအုံရဲ့ ဟိုးအဝေးကနေမြင်နေရတဲ့ ဆေးရုံကြီးကို လှမ်းကြည့်နေမိတော့သည် ။

"မ" ရှိနေရဲ့လား ။ မောင် မရဲ့အနားကို ပြန်ရောက်နေပါပြီ ။ မောင် မျှော်လင့်နေမိပါတယ် ။ မောင့်ရဲ့ နတ်သမီးလေးကို ပြန်လိုချင်တယ်လေ ။ မောင့်ရဲ့နတ်သမီးလေး အရင်လိုပဲ မဟုတ်လား ။

ဆိုသော အတွေးလေးနဲ့အတူ မောင်ဟာ သူမလည်ပင်းက ဆွဲကြိုးလေးကို ကိုင်ကြည့်ကာဖြင့် သဘောကျစွာ ပြုံးလိုက်မိခဲ့တော့သည် ။

ဒီလိုနဲ့ အနီးအနားမှာ မောင့်အတွက် မာမီစီစဉ်ပေးထားတဲ့ တိုက်ခန်းကိုသာ မောင်သွားဖို့ စဉ်းစားမိခဲ့သည် ။ လိုအပ်သော အပြင်အဆင်များကို အလုပ်သမားတွေလက်ထဲသို့သာ ယုံကြည်စွာ အပ်ခဲ့မိတော့သည် ။

အနီးအနားသာ ဆိုပေမယ့်လို့ လမ်းလျှောက်ရင် ၁၅မိနစ်နီးပါးကြာတာကြောင့် မောင်ဟာ ကားနဲ့သာဖြင့် တိုက်ခန်းသို့သွားခဲ့တော့သည် ။

---------------------------------

ဂျူတီကုတ်လေး ဖြူဖြူလေးဝတ်ထားသော ဆရာဝန်မလေးနန်းရွှန်းအိမ်သည် နားနေခန်းထဲရှိ အိပ်ရာထဲ၌ ခေတ္တခဏမျှ မှေးစက်နေချိန် Nurseတစ်ယောက် အပြေးအလွှားဖြင့် ရောက်လာပါတော့သည် ။

ရိုးမသက်သေ (Complete)Where stories live. Discover now