At 4:30 pm,
"မောင် အနွေးထည်ထူထူဝတ်နော် တော်ကြာ မနန်းက ဆူနေလိမ့်မယ် ။"
"အင်းပါ ချယ်ရီရဲ့ ။ "
နေမကောင်းဖြစ်နေသည့်ကြားမှ ကြယ်ကြည့်ဖို့ သွားချင်နေသည့်မောင်ဟာ luggage bagထဲက အင်္ကျီတွေအား ရှာဖွေထုတ်နေမိတော့သည် ။
ဟော ငါ့မှာ ရိုးရာအင်္ကျီနဲ့ ဘောင်းဘီ ရှိသားပဲ ။
မောင်ဟာ ခပ်သွပ်သွပ် ဝတ်ထားတဲ့Shirtနဲ့ ဂျင်းဘောင်းဘီအား အမြန်ပြန်ချွတ်လိုက်ပြီး ရိုးရာအင်္ကျီလေးအား လဲဝတ်လိုက်တော့သည် ။ ထို့နောက် ခေါင်းစွပ် Hoddieထူထူ တစ်ထည်ကိုပါ ဝတ်လိုက်ပြီး luggage bagကို ပိတ်တော့မည့်အချိန် ကြိုးလေးတစ်ချောင်းအားတွေ့လိုက်တော့သည် ။
သူမဟာ ကြိုးလေးအား ဆွဲထုတ်လိုက်တော့ အရင်က ဝယ်ခဲ့တဲ့ ဓူဝံကြယ်ပုံပါ ဆွဲကြိုးလေးနှစ်ကြိုးအား မြင်လိုက်ရတော့ မောင် တစ်ယောက် ပြုံးမိသွားခဲ့သည် ။
အလျှင်အမြန်ပဲ Hoddieအိတ်ထဲကို ထည့်လိုက်ပြီး ပစ္စည်းတွေအား သိမ်းဆည်းနေလိုက်တော့သည် ။
"မနန်းက ၅နာရီထိုးဆို အိမ်ကထွက်မယ်တဲ့နော် ။"
"အင်းအင်း ။ ချယ်ရီရော ပစ္စည်းတွေစုံရဲ့လား ။"
"အင်း စုံပြီလို့ထင် ။ ဟယ်တော့ မောင်ပြောမှသတိရတယ် Tentမယူရသေးဘူး မေ့နေတာကြည့်စမ်း ။"
ချယ်ရီ အခန်းထဲမှ ထွက်သွားချိန် လင်းမြတ်နဲ့ခေတ္တာက အခန်းထဲသို့ ဝင်လာခဲ့တော့သည် ။
"မောင် သက်သာရဲ့လား ။"
"နည်းနည်းတော့ သက်သာတယ် ။"
"တစ်ခုခုဖြစ်ရင် ငါ့တို့ကို ပြောနော် ။"
"ဟဲ့ ခေတ္တာ ။ မောင်က တစ်ခုခု ငါတို့ကိုပြောမလား ဟဲ့ ။ မမနန်း တစ်ယောက်လုံး ရှိနေတဲ့ဟာကို နင်က ဘာမှလည်းမတတ်ပဲနဲ့ ။"
"ဟုတ်သား ဟုတ်သားပဲဟ ။"
မောင် ပြုံးရုံမျှသာပြုံးမိပြီး ရှက်နေမိတော့သည် ။ ထိုအချိန် ချယ်ရီက ရွက်ဖျင်၂ခုနဲ့ တံခါးအနားမှာ ရပ်လိုက်ပြီး ။
"ပစ္စည်းတွေထည့်လို့ရပြီ ။ မောင်ကတော့ နားနေဦး ။ မောင့် ပစ္စည်းတွေ ချယ်ရီထည့်လိုက်မယ် ။ "

YOU ARE READING
ရိုးမသက်သေ (Complete)
Lãng mạn(Zawgyi & Unicode) Season - 1 ခြူးမြတ်မောင် + နန်းရွှန်းအိမ် Started date - 14.2.2021 Ended date - 11.8.2021 Written by ~MORANYEIN~