မြူတွေစိုင်းနေတဲ့မြင်ကွင်းထဲကို အင်္ကျီအဖြူ ဘောင်းဘီအဖြူ ကျောလည်လောက်ဆံပင်အနက်လေးနဲ့ကောင်မလေးတစ်ယောက် ဝင်သွားဖို့ ခြေလှမ်းတွေပြင်နေသည် ။ ထိုအချိန် နန်းဟာ အနောက်ကနေပြေးလိုက်ပြီး သူမရဲ့ဘာမှန်းမသိတဲ့နာမည်ကို ခေါ်ပြီး အနားကိုရောက်အောင်သွားပေမယ့် မမှီခဲ့ ။
" နန်းကိုစောင့်ပါဦး ။"
သူမဘယ်လောက်ပြေးပြေး လမ်းလျှောက်ပြီး မြူတွေကြားထဲဝင်သွားတဲ့ မိန်းကလေးကို ဘယ်လိုမှ လိုက်မမှီခဲ့ပါ ။
"မသွားပါနဲ့ ။"
သူမအော်တဲ့အသံကို တစ်ဖက်လူမကြားနိုင်ခဲ့ ။ သူမ ခန္ဓာကိုယ်မှာလည်း ချွေးတွေရွှဲလို့ ။ ထိုမိန်းကလေး ထွက်သွားမှာကိုလည်း ကြောက်နေမိသည် ။
"မသွားနဲ့ ။ "
မသွားနဲ့ဆိုတဲ့စကားကိုအော်ပြီး ထိုအချိန်မှ နန်းဟာ သူမရဲ့မျက်လုံးတွေကို စုံဖွင့်သွားတော့သည် ။ အိပ်နေရာမှ လန့်နိုးလာသည့် သူမအဖို့ တစ်ကိုယ်လုံးချွေးတွေရွှဲပြီး ကြောက်ရွံနေမိသည် ။
ခဏလောက် သက်ပြင်းချကာ စိတ်တည်ငြိမ်အောင်လုပ်ပြီး အချိန်ကိုကြည့်တော့ မနက်၅နာရီခွဲနေပြီးဖြစ်တာကြောင့် သူမအိပ်ရာမှထဖို့ ဆုံးဖြတ်လိုက်တော့သည် ။ ကုတင်ပေါ်မှခြေထောက်လေးချလိုက်ရာ ကုတင်ဘေးက စားပွဲလေးပေါ်မှ ရေခရားထဲမှရေအား ဖန်ခွက်ထဲထည့်လိုက်ပြီး မနက်ခင်း ရေတစ်ခွက်အဝသောက်လိုက်ပါတော့သည် ။
ပြီးနောက် သူမ ဖုန်းကိုယူကာ ချယ်ရီ့ကိုဖုန်းခေါ်လိုက်တော့သည် ။
~တီ..တီ..တီ..~
'ဟဲလို ။'
"ဟဲလို ချယ်ရီ ညီမလေးထတော့ . သူငယ်ချင်းတွေကိုလည်း နှိုးလိုက်ဦး ။''
'ဟုတ် မနန်း ။ ချယ်ရီကတော့ နိုးနေပြီ ။'
"အင်း ကောင်းတယ် ။ မနန်းလည်း ပြင်ဆင်ပြီးရင် လာခဲ့မယ်နော် ။"
'ဟုတ် မနန်း ။'
နန်းဟာ သူမတို့အင်းလေးသွားဖို့အစီအစဉ်ရှိတာကြောင့် ပြင်ဆင်နေလိုက်ပါတော့သည် ။
YOU ARE READING
ရိုးမသက်သေ (Complete)
Romance(Zawgyi & Unicode) Season - 1 ခြူးမြတ်မောင် + နန်းရွှန်းအိမ် Started date - 14.2.2021 Ended date - 11.8.2021 Written by ~MORANYEIN~