ဧပရယ်တံခါးကိုဖွင့်တော့ အခန်းထဲကခုံလေးမှာထိုင်နေတဲ့ နန်းကို တွေ့တော့သည် ။ ဧပရယ်လည်း နန်းရဲ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်ပြီးပြီးချင်း နန်းရင်ထဲ နင့်စေမယ့်စကားကို ပြောလိုက်တော့သည် ။
"မနက်ဖြန် တောင်ကြီးကိုပြောင်းတော့မယ် ။"
နန်းရဲ့မျက်လုံးတွေ ဝိုင်းစက်သွားပြီး တဟုန်ထိုးသော ဝမ်းနည်းအရိပ်လေးတွေ တိုးဝင်လာတော့သည် ။
"ဟင် ဘာ ဘာလို့လဲ ။"
"နေဖို့နေရာရပြီလေ ။ dutyတွေလည်း ရှိနေတဲ့ဟာကို ။ "
"ဒီကနေပဲ ဆေးရုံသွားလို့်မရဘူးလား ။"
"ပင်ပန်းတာပေါ့ နန်းရဲ့ ။"
".........."
နန်းဟာ သူမရဲ့ လက်ကလေးနှစ်ဖက်ကိုစုကာဖြင့် ခေါင်းလေးငုတ်နေကာ တိတ်ဆိတ်နေမိတော့သည် ။
"နန်း ။"
"နန်း နန်းလေ အမှန်အတိုင်းပြောရရင် နန်း သူငယ်ချင်းတွေကို အရမ်းလွမ်းနေတာ ။ ဧပရယ်ရောက်လာတော့ နန်းရဲ့သူငယ်ချင်းတွေနဲ့ ပြန်တွေ့နေရသလို ခံစားရတယ် ။ ဒါပေမယ့် ဧပရယ်က သူငယ်ချင်းတွေကိုယ်စားလာခဲ့တယ်လို့ထင်ခဲ့တာ ။ ဒါပေမယ့် ဧပရယ်က မောင့်ရဲ့ကိစ္စအတွက်လာခဲ့တာလေ ။ နန်းကိုတွေ့ချင်လို့မဟုတ်ပဲနဲ့ ။ ပြီးတော့ ။ အခုမှ ၃ရက်ပဲရှိသေးတယ် ။ ဧပရယ်က တောင်ကြီးကိုပြောင်းတော့မယ်တဲ့လား ။ ဒီ၃ရက်အတွင်း နန်းမှာ မောင့်အတွက်နဲ့လည်း ခံစားခဲ့ရတယ် ။ ဧပရယ်နဲ့မောင်နဲ့ ဘာမှမဟုတ်ဘူးဆိုတာသိလို့ ပျော်မယ့်အချိန်ကျတော့ ဧပရယ်က နန်းအနားကထွက်သွားတော့မှာတဲ့လား ။"
"..............? ? ?"
"ဒါက အရေးမပါတဲ့ခံစားချက်ဆိုပေမယ့် နန်း သူငယ်ချင်းတွေအားလုံးနဲ့တွေ့ချင်တယ် ။ အားလုံး အားလုံးက အလုပ်တွေရှိနေကျလို့သာ ။ နန်း နန်း ။"
နန်းရဲ့စကားတွေရပ်ပြီး မျက်ရည်စက်ကလေးတွေကျနေမိလာတော့သည် ။ ဧပရယ်လည်း နန်းရဲ့လက်ကလေးကို လှမ်းကိုင်လိုက်တော့သည် ။
"ဧပရယ်လည်း တွေ့ချင်ခဲ့တာပေါ့ ။ ကျန်တဲ့သူတွေနဲ့အဆက်အသွယ်ရှိနေပေမယ့် နန်းက အားလုံးနဲ့အဆက်အသွယ်ပျက်နေတာကြောင့် နန်းကို ပိုလို့တောင်တွေ့ချင်သေးတယ် ။ သူငယ်ချင်းတွေထဲမှာ နန်းက စာလည်းတော်တယ် ။ သဘောထားလည်းကောင်းတယ် ။ ကူညီတတ်တယ် ။ အမှန်အတိုင်းပြောရရင် သူငယ်ချင်းတွေကို အချိန်ပေးချင်တယ် ။ နန်းပြောသလို အလုပ်တွေရှုပ်နေလို့ပါ ။ နန်းရဲ့ခံစားချက်ကို နားလည်ပါတယ် ။ အင်း ။ နောက်နှစ်ရက်ထပ်နေမယ် ။ နော် ။ "

YOU ARE READING
ရိုးမသက်သေ (Complete)
عاطفية(Zawgyi & Unicode) Season - 1 ခြူးမြတ်မောင် + နန်းရွှန်းအိမ် Started date - 14.2.2021 Ended date - 11.8.2021 Written by ~MORANYEIN~