Ep-16(Z+U)

8K 624 24
                                    

မနက်ခင်းစောစောအချိန်တွေမှာ နန်းဟာပုံမှန်နိုးနေကြဖြစ်သည် ။ ဒါကြောင့်လည်း သူမဟာ ပုံမှန်ဘုရားဝတ်ပြု တစ်ကိုယ်ရေးသန့်ရှင်းပြီး အိမ်အပြင်သို့ ထွက်လာခဲ့တော့သည် ။ အပြင်သို့ရောက်သော ချယ်ရီတို့အိမ်ရှေ့၌ ကားရပ်ထားတာကို လှမ်းတွေ့လိုက်ပေတော့သည် ။

ဟိုကလေးတွေ မနက်စောစောစီးစီး ဘယ်သွားကြမလို့လဲ မသိဘူး ။ ငါ့ကိုလည်း မပြောပဲနဲ့ ။

နန်းဟာ ချယ်ရီတို့ အိမ်ကိုသွားပေတော့သည် ။ ကားအနီးအနားသို့ မရောက်ခင် ခြေလှမ်းတွေ တုံ့ခနဲရပ်တန့်သွားခဲ့တော့သည် ။

ဘာ ဘာဖြစ်လို့လဲ ။ ဘာဖြစ်လို့ အထုတ်အပိုးတွေလဲ ။ မောင်တို့ ပြန်ကြတော့မလို့လားကွယ် ။

ထိုအချိန် နန်းရောက်နေသည်ကို ချယ်ရီလှမ်းတွေ့လိုက်တော့သည် ။

"မနန်း လာလေ ။"

"........"

"မနန်း ။"

"အမ် ။ အင်း လာမယ် ။"

နန်းလည်း ချယ်ရီ့အနားသို့ရောက်တော့ မောင်နဲ့ ထိပ်တိုက်တိုးလေသည် ။ မောင်က သူမအားတစ်ချက်ကြည့်ပြီး ကားထဲသို့ ပစ္စည်းတွေ ဆက်ထည့်နေတော့သည် ။ နန်း ဘာပြောရမလဲ မသိတော့ပါ ။ ဘာလုပ်ရမလဲ မသိခဲ့ ။ ထိုအချိန် ပစ္စည်းတွေလည်း ကားထဲထည့်ပြီးတော့ မောင့်ကို နန်းက တီးတိုးစွာဖြင့် မေးသည် ။ ဒီအသံတွေထဲမယ် တုန်ရီသံတွေ ပါသည်ဆိုတာကို မောင်မသိပါ ။

"မောင်တို့ ပြန်ကြတော့မလိုလား ။"

"ဟုတ်တယ် ။ မောင့်ရဲ့မာမီ ရုတ်တရက်နေမကောင်းဖြစ်ပြီး မူးလဲလို့တဲ့လေ ။ အဲ့တာ အခုပြန်မှဖြစ်မှာ ။ "

"သြော် ။ အင်း ။ အင်း ဟုတ်တာပေါ့ ။ မောင် ပြန်ရမှာပေါ့ ။ "

နန်းရွှန်းအိမ် ပြောစရာစကားများ ပျောက်ဆုံးနေခဲ့တာ အမှန်ပါပဲ ။ အခု မပြန်ပါနဲ့ဦးလား လို့ တားချင်ပေမယ့်လည်း မောင်တို့လို ဧည့်သည်တွေက အချိန်တန်အိမ်ပြန်ရမယ့်လူတွေပဲ မဟုတ်လား ။

ရုတ်တရက် နှလုံးသားတစ်စုံက နာကျင်လာပြီး အသက်ရှူသံတွေပါ မူမမှန်ချင်တော့ မွန်းကြပ်လာခဲ့တော့သည် ။ နန်းသိနေသည် ။ ဒီခွဲခွာခြင်းမှာ တစ်စုံတစ်ခုကပ်ပါနေသည်ကို နန်းသိသည် ။

ရိုးမသက်သေ (Complete)Where stories live. Discover now