အေးချမ်းသာယာသောညပိုင်းကို ရောက်တော့ ချယ်ရီတို့အိမ်ရှေ့က ကပျဉ်လေးမှာ လက်ဖက်သုပ်လေးစားရင်း စုထိုင်ကြပြီး နောက်နေ့အတွက် planတွေဆွေးနွေးနေကြသည် ။
"မနန်း မနက်ဖြန် ဘယ်ကိုသွားကြမလဲ ။"
"အင်း ။ မနန်းလည်း စဉ်းစားနေတာ ။ ဘုရားကို ဆက်တိုက်သွားရင် အဆင်မပြေလောက်ဘူးထင်မိလို့ ။ အဲ့တာ ရေတံခွန်သွားကြမလားလို့လေ ။ "
"ဟာ ရေတံခွန်လား မမနန်း ။ ခေတ္တာကတော့သွားချင်တယ် နင်တို့ရော ။"
"ဘယ်ရေတံခွန်လဲ မရဲ့ ။"
"Planထဲမှာတော့ မပါဘူး မောင် ။ ဒါပေမယ့် မောင်တို့ အနားယူချင်တယ်ထင်လို့ ။ 'ဟိုက်ပါ'ရေတံခွန်လေ ။ ဝေးတော့ဝေးတယ် ။"
ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အလှပဆုံးသောရတနာဖြစ်တဲ့ 'ဟိုက်ပါရေတံခွန်'ပဲ ဖြစ်ပါသည် ။ 'ဟိုက်ပါရေတံခွန်'ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ အနောက်ဘက်ရှိ ဟိုက်ပါကျေးရွာလေးမှာ တည်ရှိပါသည် ။ ပန်ချောင်းပေါ်မှာတည်ရှိပြီး အဆင့်ဆင့် အသွယ်သွယ် ရေတံခွန်များ ဖျာကျနေသည်ဖြစ်လို့ အရှေ့တောင်အာရှတစ်ခွင်လုံးမှာ အလှဆုံးရေတံခွန်လို့ တင်စားပြောဆို သတ်မှတ်ကြပါသည် ။ 'ဟိုက်ပါရေတံခွန်'ကို တောင်ကြီးကနေ ကားဖြင့်၆နာရီကျော်လောက် သွားရပါသည် ။ မိုင်းပွန် ပင်လုံ လဲချား မိုင်းနောင် မိုင်းရှူးမြို့မရောက်မှီ ဟိုက်ပါရွာသို့၆မိုင်ခန့်ဝင်ပြီး သွားရပါသည် ။ ( ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ။ )
"တကယ် ဟိုက်ပါရေတံခွန်လား ။"
"တကယ်ပေါ့ မောင်ရဲ့ ။"
"လင်းမြတ်ရော ။"
"မမနန်းရယ် လင်းမြတ်ကမလိုက်လို့ ဘယ်ဖြစ်မလဲ ။ လိုက်မှာပေါ့ ။ ဒါနဲ့ ရေတွေက အေးလား ။"
ချယ်ရီမှ လင်းမြတ်အား ပြုံးရယ်ပြရင်း ။
"အေးတာပေါ့ လင်းမြတ်ရဲ့ ။ ဆောင်းရောက်တော့မယ့်ဟာကို ။"
"ဟင် ချမ်းနေမှာပဲ ။ အခုတောင် ချမ်းစိမ့်စိမ့်ဖြစ်နေတာကို ။"
ထို့နောက် သူမတို့ လက်ဖက်ရည်လေးနဲ့လက်ဖက်သုပ်လေးကို စားသောက်ကြပြီး လင်းမြတ်ကအိပ်ချင်လာတော့ ခေတ္တာပါ အိမ်ထဲဝင်သွားခဲ့တော့သည် ။ နောက်တော့ ချယ်ရီကပါ အိမ်ထဲဝင်သွားမယ်ဆိုတာကြောင့် နန်းကလည်း ကိုယ့်အိမ်ကို ပြန်ရတော့မယ်လေ ။ ချယ်ရီနဲ့နှုတ်ဆက်ပြီး နန်းဟာအိမ်ပြန်ဖို့ခြေလှမ်းတွေပြင်နေချိန် ။
![](https://img.wattpad.com/cover/255075898-288-k790602.jpg)
YOU ARE READING
ရိုးမသက်သေ (Complete)
Romance(Zawgyi & Unicode) Season - 1 ခြူးမြတ်မောင် + နန်းရွှန်းအိမ် Started date - 14.2.2021 Ended date - 11.8.2021 Written by ~MORANYEIN~