"1''

83.7K 4.4K 538
                                    

''ဂျွန်မျိုးနွယ်စုလာနေပြီတဲ့။
သိမ်းစရာရှိတာသိမ်းပြီးပြေး...''

ရွာထဲမှ လူများ၏
ကျယ်လောင်သော အော်သံကြောင့်
ထယ်ယောင်း တစ်ယောက်
ကြောက်ကြောက်လန့်လန့်ဖြင့် တွေ့ကရာအိတ်ထဲသို့ ပစ္စည်းများကို သိမ်းကြုံးထည့်နေမိသည်။
ကံကောင်းတာက အိမ်မှာ
ပစ္စည်းများများစားစားရှိမနေလို့။

တဖြည်းဖြည်းနီးကပ်လာသော မြင်းခွာသံများကြောင့် ဝတ်ရုံအရှည်ကြီးကို မြန်မြန်ခြုံလိုက်သည်။

ထို့နောက်အိမ်နောက်ဖေးအပေါက်ကို လှပ်ပြီး တောထဲသို့ပြေးတော့မည်အပြု
ခပ်ချွန်ချွန်ဓါးတစ်လက်က
မျက်စိရှေ့နားသို့ရွယ်ကာ
ဟန့်တားသည်။

''ကျစ်..လွတ်အောင်ပြေးကာမှ
တည့်တည့်လာတိုးရတယ်လို့..''

ထိုဓါးက မေးစေ့နားသို့ ကပ်လာပြီး..
''ပွဲဦးသုံ့ပန်းတွေ ဘာတွေရလို့
ငါတော်တော်ကံကောင်းနေပါ့လား..''

ထိုလူက သူ့အပြောကိုသူ
သဘောကျပြီး ရယ်ကာ ကျွန်တော့်လက်ထဲမှ အထုတ်ကလေးကိုဆွဲယူပြီး အဝေးသို့လွှင့်ပစ်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်ကိုစုချုပ်ပြီး အကြမ်းပတမ်းဆွဲခေါ်နေသည့်အတွက် အားကုန်သုံးပြီး ရုန်းသည့်အခါ
ပြန်ရလိုက်သည့်တန်ကြေးက
ဖြောင်းခနဲမြည်အောင်ရိုက်ခံလိုက်ရသော ကျွန်တော့် ညာဘက်ပါး...။

ခပ်လှမ်းလှမ်းတွင်ရပ်နေသော ဂျွန်မျိုးနွယ်စုဆီ ဆွဲခေါ်သွားပြီး..
''ကဲ ကိုယ့်လူတို့ ငါတော့
ပထမဆုံးသုံ့ပန်းလေးရခဲ့ပြီ...''

ထိုလူတွေလက်ထဲသို့ ကျွန်တော့်ခန္ဓာကိုယ်ကို အားပါပါ ပစ်ထည့်သည်။

မကြာလိုက် ရွာထဲကလူတွေတော်တော်များများ ကျွန်တော့်လိုမျိုး ဂျွန်မျိုးနွယ်၏ ဖမ်းဆီးတာကို
မိသွားသည်ထင် ဘေးသို့
အလျှိုလျှိုရောက်လာကြသည်။

''ဒါအကုန်ပဲလား...''

ဂျွန်မျိုးနွယ်ထဲမှ
ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်းကလေးတစ်ဦးက ထအော်သည်။

အကုန်လုံးက တစ်ပြိုင်တည်း
'ဒါ အကုန်ပါပဲ'ဟု ဖြေလိုက်သည်နှင့် ခွေးလိုနွားလို ထပ်မံဆွဲခေါ်ခံရပြန်သော ကျွန်တော်တို့။

Blue Side ( Completed )Where stories live. Discover now