''14"

28K 2.9K 306
                                    

အုံ့ဆိုင်းနေသော
သစ်ပင်ကြီးများကြားထဲတွင်
ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှားနေသည့် တောဝက်တစ်ကောင်။

''ဒိုင်း!!''

ပုံကနဲ လဲကျသွားတဲ့ ထိုတောဝက်ကို ကြည့်ပြီး အားရကျေနပ်စွာ
ပြုံးလိုက်သည့် အရှင်ဂျွန်။

''သေနတ်က တော်တော်လေး သက်သာစေတာပဲ''

တောဝက်အသေကို မြေပြင်ပေါ်
တရွှတ်တိုက်ဆွဲလာသည့်
အကိုဖြစ်သူကို ကြည့်ပြီး
ဒုံဟွန်း နှာခေါင်းရှုံ့လိုက်မိသည်။

''ဟာ... အကို ။ ဟိုတစ်နေ့က ကျွန်တော်တို့အမဲလိုက်ထားတယ်လေ။ အဲ့တုန်းကလည်း ရထားတဲ့ အကောင်တွေမှ နည်းတာမဟုတ်ဘူးကို''

ဒုံဟွန်းစကားကို တန်းမဖြေဘဲ
ခပ်လှမ်းလှမ်းရှိ တပ်သားနှစ်ယောက်အား တောဝက်ကို စားဖိုဆောင်ဆီသို့ ပို့ပေးဖို့ မှာနေသည့် အရှင်ဂျွန်။

မှာလို့ပြီးသွားခါမှ
ဒုံဟွန်းဘက် လှည့်လာကာ..

''ခရီးက မနက်ဖြန်ဆိုထွက်ရတော့မှာ။
ငါ ခရီးသွားနေတုန်း အပြာရောင်လေး အစားများများစားရအောင်လို့''

''အကို့ ဟန်ဆမ်ကတစ်ယောက်က
အဲ့လောက်တောင် အစားကြီးလား''

''အစားကြီးတော့ ဘာဖြစ်လည်း ။
ငါအရှင်ဂျွန်
တစ်ယောက်လုံးရှိနေတာပဲ''

''ဟုတ်ပါပြီ ။ မပြောတော့ပါဘူးဗျာ ။ မပြောတော့ပါဘူး''

''ဒုံဟွန်း''

''ပြော အကို''

''မင်း အပြာရောင်လေးနဲ့ နေခဲ့''

''ဟင် ။ ဘာဖြစ်လို့လည်း ။
ဟွာဟန်းကို တိုက်ဖို့
ကျွန်တော် မလိုက်ခဲ့ရဘူးလား''

''မလိုက်ခဲ့နဲ့ ။ ငါမရှိတဲ့အချိန်မှာ
ဆယ်ဂျူကို မင်းစောင့်ရှောက်ထား ။ ပြီးတော့ အပြာရောင်လေးကိုရောပဲ''

''စိတ်ချပါ''

ဒုံဟွန်းက သာမန်အချိန်တွင်သာ လူပြက်တစ်ယောက်လို
စနောက်တတ်ပေမဲ့
အလုပ်တာဝန်တစ်ခု လုပ်လျှင်တော့ အရမ်းတည်ကြည်သည်။

ဒုံဟွန်း၏ ပုခုံးကို
ခပ်ကြမ်းကြမ်းပုတ်ကာ သူ့နေအိမ်ဆီသို့ ဂျောင်ကု လျှောက်လာခဲ့သည်။

Blue Side ( Completed )Where stories live. Discover now