နှင်းဆီဝါဝါများ ပေါများသော ဒိုဒန်းနယ်မြေက မွှေးရနံ့ကြိုင်ကြိုင်သင်းလို့။
ခေါင်းဆောင်မင်၏ အိမ်ရှေ့ပန်းခြံတွင် နှင်းဆီအဝါတွေကို ဂရုတစိုက်ရေလောင်းနေသော ဂျီမင်။
ရေလောင်းရင်း အိမ်ထဲသို့မသိမသာလှမ်းကြည့်တော့ မိန်းမလှလေးတစ်ဦးနှင့် ရီမောနေသည့် ခေါင်းဆောင်မင်ကို ဂျီမင် တွေ့လိုက်ရသည်။
ရင်ထဲလည်း မသက်မသာ
ဖြစ်သွားရသည်မှာအမှန်။ဒိုဒန်းကိုရောက်နေတာ
ရက်အတော်ကြာပြီဆိုပေမဲ့ သူ့ကို သိပ်ဂရုမပြုသော ခေါင်းဆောင်မင်ကြောင့် ဂျီမင်အမြဲ အားငယ်ရသည်။သူက ခေါင်းဆောင်မင်ကို အားကိုးပြုပြီး ဒိုဒန်းမှာနေခဲ့တာ မဟုတ်လား။
သို့ပေမယ့် ခေါင်းဆောင်မင်က
မိန်းမပျိုလေးတွေ ဒါမှမဟုတ် အကြီးအကဲလူကြီးတွေနဲ့ပဲ အမြဲ
အလုပ်ရှုပ်နေတာ။ထို့ကြောင့် အလိုက်သိသည့်
ဂျီမင်ကလည်း ခေါင်းဆောင်အနားမှာ သိပ်တွယ်ကပ်မနေဘဲ ထစ်ခနဲရှိ နှင်းဆီဝါဝါပန်းခင်းကြီးကိုပဲ ရေလောင်းလိုက် ၊
ပေါင်းသင်လိုက်ပဲ လုပ်နေမိတာ ။
ဘာမှလုပ်စရာမရှိဘူးဆိုရင်တောင်
အဲ့ပန်းခင်းလေးနားမှာပဲ
ကုပ်ကုပ်ကလေး ထိုင်နေမိတာ။ကြာလာတော့ ဒီပန်းခင်းလေးက ဂျီမင်ရဲ့မူပိုင်နေရာလေးလိုဖြစ်လာသည်။
ဒီနေရာလေးက တိတ်ဆိတ်သလို ၊ ခေါင်းဆောင်မင်ရဲ့မျက်နှာကိုလည်း မသိမသာလှမ်းကြည့်လို့ရတာမို့
ဂျီမင် သိပ်သဘောကျသည်။''ဟိတ် ကောင်လေး!!''
ရုတ်တရက်အနောက်ကနေ
လှမ်းခေါ်လိုက်သည့် အသံကြောင့်
ဂျီမင် တကယ်လန့်သွားရသည်။လှည့်ကြည့်လိုက်တော့
ခေါင်းဆောင်ဆီကိုခဏခဏလာနေတဲ့ အကြီးအကဲတွေထဲက တစ်ယောက်။
ပုံစံကတော့ ခပ်ငယ်ငယ်ရယ်။
သူနဲ့ ရွယ်တူလောက်တော့ရှိမည်။''ဘာလို့ခေါ်တာလည်း''
''မင်းအမြဲတမ်း ဒီပန်းတွေကြားမှာထိုင်နေတယ်နော် ။
ဘာလို့ထိုင်နေတာလည်းသိချင်လို့''
YOU ARE READING
Blue Side ( Completed )
Fanfictionကျွန်တော်က ရုန်းတော့ အရှင်ကပြုံးတယ်... မသိလိုက်ခင်မှာပဲ ကျွန်တော် အရှင့်အပြုံးမှာ ကျဆုံးတယ်... ကျွန်တော်က ရုန်းတော့ အရှင်ကပြုံးတယ်... မသိလိုက်ခင်မှာပဲ ကျွန်တော်အရှင့်အပြုံးမှာ ကျဆုံးတယ်... KOOKV Mature