''20"

26.1K 2.7K 252
                                    

အဆိပ်ဖြေဆေးတိုက်ပေးပြီး
အချိန်အနည်းငယ်ကြာသည့်အခါ
အရှင်ဂျွန်၏မျက်ခွံတို့
လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

နိုးလာ„လာချင်း ပထမဆုံးမေးသည်က သူ့အပြာရောင်လေးဘယ်မှာလည်းတဲ့။

ဒုံဟွန်းနှင့်ဦးလေးဝမ်လည်း
အရှင်ပြောမှ ဘေးဘီဝဲယာသို့
လှည့်ပတ်ကြည့်မိသည့်အခါမှ
ထယ်ယောင်း ရှိမနေမှန်းသိလေသည်။

သို့ပေမဲ့လည်း အရှင့်စိတ်ကို သိသည်မို့ လီဆယ်ပြီးသာ ပြောရသည်။

''ထယ်ယောင်းက ခုနလေးကမှ အပြင်ထွက်သွားတာ ပြန်လာတော့မှာပါ''

''ဒါနဲ့ အရှင် ဒဏ်ရာက
ဘယ်လိုဖြစ်တာလည်း ။
ဂေါ်ရားမျိုးနွယ်စုတွေရဲ့လက်ချက်လား''

''ဟုတ်တယ် ။ ဂေါ်ရားမျိုးနွယ်စုတွေရဲ့ လက်ချက်ပဲ။ အပြင်သွားနေတယ်ဆိုလည်း ငါ့အပြာရောင်လေးကို မြန်မြန်ခေါ်ပေးစမ်း ဒုံဟွန်း''

ထိုအခါ တစ်ချိန်လုံး ငြိမ်ကုတ်နားထောင်နေခဲ့သည့် မာရီက
ပြုံးကာရွှင်ကာ ဝင်ပြောသည်။

''ခုန ထယ်ယောင်း ဆယ်ဂျူထဲကနေ ထွက်သွားတာ မြင်လိုက်တယ်။
တံခါးဝကမဟုတ်ဘဲ
မြစ်ချောင်းဘက်ကနေလေ''

နေမကောင်းဖြစ်နေတဲ့အချိန်တွေဆိုရင် အရှင် ဘယ်လောက်ဒေါသကြီးတတ်တာ သိရဲ့နဲ့ သူမ တမင်ပြောနေတာလား။

ဒါမှမဟုတ် ဒီလိုဖြစ်အောင်
သူမ တမင်ကြံစည်ခဲ့တာလား။

ဒုံဟွန်းနှင့် ဦးလေးဝမ်ကတော့
အရှင် ဒေါသထွက်မလာစေဖို့ပဲ
အသံတိတ် ဆုတောင်းနေမိရုံမှအပ ဘာမှမလုပ်နိုင်။

''ဒုံဟွန်း အခုချက်ချင်း မြင်းပြင်ထားစမ်း။ သူ့နောက်ကိုလိုက်မယ်။ ဂေါ်ရားမျိုးနွယ်စုတွေက ငါနဲ့သူ့ကို တွဲမြင်ထားတော့ သေချာပေါက် သူ့ကို တစ်ခုခုလုပ်လိမ့်မယ်။ကင်မ်ထယ်ယောင်း မင်းက ငါဆီက ထွက်ပြေးချင်တယ်ပေါ့လေ။ ခြေထောက်က အနာတောင်
အရှင်းမပျောက်သေးပဲနဲ့ မင်းကများ!!''

''ဒါပေမဲ့ အကိုက အခုမှ
အဆိပ်ပြေတုန်းပဲရှိသေးတယ်လေ ။ ခဏလောက်နား''

Blue Side ( Completed )Where stories live. Discover now