''27"

22.9K 2.4K 486
                                    

ညနေစောင်းသည်နှင့် မယုံနိုင်လောက်အောင် လင်းလက်နေသည့် ဆယ်ဂျူ၏ ဆုတောင်းပွဲကျင်းပရာနေရာလေးက ထယ်ယောင်း မျက်လုံးထဲတွင်တော့ ကြည့်မဝ၊ ရှုမဝ။

ကူးလူးသွားလာနေသည့် လူတိုင်းကလည်း ရိုးရာဝတ်စုံလေးများနှင့် လိုက်ဖက်သင့်လို့။

သို့ပေမဲ့ အကြိမ်ပေါင်းများစွာ သတိထားမိမှ ယောကျ်ားလေးနှင့် မိန်းကလေး ရိုးရာဝတ်စုံချုပ်ပုံလေးတွေက ဆင်တူရိုးမှားလေးတွေမှန်း သိရသည်။

ယောကျ်ားလေးများဆိုလျှင်
အပေါ်တွင် ဝတ်ရုံတစ်ခုသာခြုံပြီး ဘောင်းဘီရှည်သာ ဝတ်ဆင်ကြသည်။

ဝတ်ရုံတစ်ခုတည်းသာ ခြုံထားသည့်အတွက် ကျစ်လျစ်ပီသစွာပေါ်နေသည့် ကြွက်သားအဖုအထစ်များက
ယောကျ်ားဘယ်လောက်ဆန်ကြောင်းကို ဖော်ပြသည်ဟု ထင်မိသည်။

မိန်းကလေးတွေကတော့
ခါးနှင့်ဗိုက်သားတို့ကို ထင်းလင်းစွာဖော်ထားသည့်  အင်္ကျီနှင့်
ဒူးထိရှည်သော ဂါဝန်အကျပ်လေးတွေကို ဝတ်ကြသည်။

မိန်းကလေးတွေကတော့ သူမတို့၏ ကျစ်လျစ်နေသည့် ဗိုက်သားနှင့်
ခါးသွယ်သွယ်တို့ကို ကြွားဝါသည်ဟု ထင်မိသည်။

ဤသို့ ထင်ကြေးတွေပေးရင်း
မိမိဝတ်စုံကို အကြည့်ရောက်ပြီး
နားမလည်နိုင်စွာ ဖြစ်သွားသည့်
ထယ်ယောင်း။

မိမိအင်္ကျီက လက်မြှောက်လိုက်လျှင် ခါးပေါ်သည်ဆိုပေမဲ့ ဒီအတိုင်းဆိုလျှင် သာမာန်မျှသာ ။ ဘောင်းဘီအရှည်ကတော့ ဘာမျှထူးဆန်းမနေ။

အရောင်ကတော့ ဘယ်သူဆီမှာမျှ မတွေ့ဖူးသည့် အရောင်မို့ စိတ်ထဲ ကြိတ်ဝမ်းသာမိသေးသည်။

''အမေ့''

ခါးကို အတင်းဖက်တွယ်လာသည့် လက်တစ်စုံကြောင့် အလန်တကြားမော့ကြည့်မိတော့ ပါးစောင်ကို
လျှာဖြင့်လိမ့်ထိုးနေသည့် အရှင့်ကို တွေ့သည်။

''အရှင် ဘာလို့ ခါးကို
အတင်းဖက်ထားရတာလည်း ''

''ခါးတွေ ဗိုက်တွေ ပေါ်နေလို့ပေါ့''

''ဟာ... အရှင်ကလည်း ။ အရှင်တောင် ဝတ်ရုံလေးတစ်ခုထဲနဲ့ အထဲက ကြွက်သားတွေကို ရက်ရက်ရောရောပြနေတာပဲ မဟုတ်ဘူးလား ။ ဘာလို့ ကျွန်တော့်ကျမှ ခါးလေးပေါ်တာကို အူတိုနေတာလည်း ။ အင့်ဟယ်
ခါးတွေပေါ်စမ်း''

Blue Side ( Completed )Tempat cerita menjadi hidup. Temukan sekarang