''6"

31.6K 3.3K 377
                                    

သွေးပျက်စရာမြင်ကွင်းအား
ဆက်မကြည့်ချင်တော့ပါ...။

ထို့အတွက် ထယ်ယောင်း
မျက်လုံးများကို မှိတ်ပစ်လိုက်သည်။

ဘယ်လောက်ပဲ ကိုယ့်အပေါ်
အနိုင်ကျင့်ခဲ့သည်ဆိုဆို
သူတို့အနှိပ်စက်ခံနေရသည်ကိုတော့ အရသာခံပြီးမကြည့်နိုင်။

ဂျွန်မျိုးနွယ်စု
ရက်စက်သည်ဆိုတာသိပေမဲ့ ။
သည်လောက်ဆိုးမည်တော့ မထင်ခဲ့။

စိမ်းလန်းသည့် သစ်ပင်များ...
ဟိုတစဒီတစ် ပွင့်နေသော
ဖြူနီပြာဝါ ပန်းပွင့်လေးများဖြင့် လှပနေသည့် ဆယ်ဂျူကို မျက်စိရှေ့တွင်ရှိသော မြင်ကွင်းက အကျည်းတန်စေသည်ဟု ထယ်ယောင်းထင်သည်။

''အမလေး....တော်ကြပါတော့...''

''ကျေးဇူးပြုပြီးအသက်ချမ်းသာပေးပါ''

အသံတို့အား မကြားချင်တော့၍
ထယ်ယောင်းမှာ နားနှစ်ဖက်အား လက်နှင့်အုပ်လိုက်လေသည်။

သို့သော် ထယ်ယောင်ဘေးတွင် ရပ်နေသည့် အရှင်ဂျွန်မှာတော့ ထိုမြင်ကွင်းအား မျက်စိမျက်နှာတချက်မပျက်ဘဲ အေးအေးလူလူကြည့်နေလေသည်။

တပ်သားများကလည်း အရှင်ဂျွန်
ကြည့်နေမှန်းသိ၍ကချေသည်များအားအားပိုထည့်ပြီး ရိုက်နှက်ကြသည်။

ဒီနေရာကနေ ပြေးထွက်သွားချင်ပေမဲ့
မိမိအနောက်တွင် အရှင်ဂျွန်ရှိနေသည့်အတွက် ထယ်ယောင်းတုတ်တုတ်မျှ
မလှုပ်ရဲ။

''ကျေးဇူးပြုပြီး ဒီနေရာကနေ
ပျောက်ကွယ်သွားရပါစေ''ဟု
ရေရွတ်မိသည်အထိ ထယ်ယောင်း
ကြောက်လန့်နေမိသည်။

ထိုအခိုက် လည်ဂုတ်မှ
အပူငွေ့တစ်ခုကို ရရှိလိုက်သည်။
ပြောရလျှင် အနမ်းတစ်ခုလိုမျိုး။

''ပြန်ချင်ပြီလား...''

ခပ်ရှရှမေးသံကြောင့်
ထယ်ယောင်း ခေါင်းကို
ပြုတ်ထွက်မတတ်ငြိမ့်မိသည်။

ထိုအခါ လက်ဖဝါးကြီးကြီးတွေက
သူ့လက်ကိုဆွဲယူပြီး
ခေါ်ဆောင်သွားသည်။

အိမ်ထဲသို့ ဝင်ဝင်ချင်း စားပွဲပေါ်တွင် မြင်လိုက်ရသည့် ဟင်းပွဲများစွာကြောင့် ထယ်ယောင်းအံ့သြနေမိသည်။

Blue Side ( Completed )Where stories live. Discover now