FINAL

34.3K 3K 993
                                    

လေးနှစ်ကြာပြီးသော်...

လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်အချို့ကို ပန်းကန်လုံးလေးထဲသို့ ငှဲ့လိုက်ကာ သူငယ်ချင်းဖြစ်သူ ဂျီမင်ဆီသို့ ထယ်ယောင်း ကမ်းပေးလိုက်သည်။

''ခဏနေရင် ယွန်းဂျီလေးကို
ခေါ်ပြီး ပြန်တော့မှာလား''

ထယ်ယောင်း၏ အမေးကို ဂျီမင်က လက်ဖက်ရည်လေး မော့သောက်ရင်း ခေါင်းငြိမ့်ပြသည်။

ထိုအခိုက် ခါးထိရှည်သော ဆံပင်လေးကို စုချည်ထားသည့်ပုံဖြင့် သူတို့နှစ်ယောက်ဆီသို့ လုံးလုံးလေး ပြေးဝင်လာသည့် ယွန်းဂျီလေး။

ထိုကလေးလေးက ဂျီမင် ရင်ခွင်ထဲသို့ အတင်းဝင်ကာ ထယ်ယောင်း၏ ပေါင်လေးတွေအား လက်ဖြင့်ပုတ်ပြီး တစ်ခုခု ပြောဖို့ပြင်လေးသည်။

''ဦးဦး ထယ်ယောင်းရဲ့ သား ဝူယောင်းလေ အနော့်ဆံပင်တွေပေါ်ကို ခုနတုန်းက မြေမှုန့်တွေနဲ့ ဖြူးတယ်''

ကျွန်တော်ကို အမြဲ ''အနော်'' ဟု အမြဲဆိုတတ်သည့် ယွန်းဂျီလေး၏ တိုင်တောမှုလေးတွေကို ထယ်ယောင်းမှာ သဘောအကျကြီးကျလေနေသည်။

''ဟုတ်လား ယွန်းဂျီလေးကို ဝူယောင်းက အဲ့လိုလုပ်တာပေါ့လေ ။ ဦးက နာနာလေး ရိုက်ပေးမယ်သိလား''

ထယ်ယောင်း၏ ဤအပြောကို
ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်
ထောက်ခံနေသော ယွန်းဂျီ။

အပြစ်လုပ်ထားသည့် ဝူယောင်းမှာ သူ့ပါးပါးထယ်ယောင်းဆီသို့ စပ်ဖြီးဖြီးလေး ပြေးလာပြီး ဖြေရှင်းလေသည်။

''သားက ယွန်းဂျီဆံပင်တွေကို မြေမှုန့်နဲ့ဖြူးတာ မဟုတ်ပါဘူး ။ သားက သူ့ဆံပင်လေးတွေကို သဘောကျလို့ ကိုင်ကြည့်တာပါ ။ သူ့ဆံပင်တွေကို ကိုင်ပြီးမှ လက်မှာ မြေမှုန့်တွေ ကပ်နေတာသိတာ ။ အဲ့ကနေ သားလက်က မြေမှုန့်တွေက သူ့ဆံပင်ပေါ်ကို ပေသွားတာပေါ့ ။ သား တမင်လုပ်တာ မဟုတ်ပါဘူး''

အချက်ကျကျပြန်ဖြေသည့် ဝူယောင်းအား ဂျီမင်က သဘောကျပြီး ပါးလေးကို လှမ်းညစ်လေသည်။

ဂျီမင်ရင်ခွင်ထဲက ယွန်းဂျီကတော့
ဝူယောင်းကို သူ့လက်ညိုးသေးသေးလေးဖြင့် ထိုးပြီး ''လူလိမ်ကြီး''ဟု တစာစာအော်လို့။

Blue Side ( Completed )Where stories live. Discover now