''25"

26.3K 2.6K 277
                                    

နှာခေါင်းထဲ သင်းကနဲဝင်လာသည့် ပန်းရနံ့က ထယ်ယောင်း မျက်လုံးတို့ကို ပွင့်အာစေသည်အထိ စွမ်းဆောင်နိုင်သည်။

နာကျင်နေသည့် ခန္ဓာကိုယ်ကို လျစ်လျူရှုပြီး ဘေးဘီဝေ့ကြည့်တော့ ခေါင်းရင်းနားရှိ စားပွဲလေးပေါ်တွင် ပန်းအိုးလေးနှင့် သပ်ရပ်စွာရှိနေသော ဆယ်ဂျူပန်းနီနီလေးတွေ။

အရှင်များ ထားပေးထားတာလားဆိုပြီး တွေးမိတော့ ရှက်စနိုးငုံ့သွားသည့် ခေါင်းလုံးလုံးလေးက ရင်ဘတ်တဝိုက်ရှိ နီညိုပုတ်ရောင် အမှတ်အသားတွေကို မဝံ့မရဲလေးအကြည့်ရောက်သည်။

အရှင်က သိပ်ဆိုးတာပဲ ။

အမှတ်အသားတွေကို လက်ဖြင်တို့ထိရင်း ထိုသို့ စိတ်ကနေ ရေရွတ်နေသည့် ထယ်ယောင်း။

မဆီမဆိုင် အကြည့်တို့က
ကုတင်ခြေရင်းဆီရောက်သွားတော့ အမှတ်မထင်တွေ့လိုက်ရသည့်
အဝါရောင်ချည်တဘက်ကလေး။

အလျင်အမြန်ပင် လှမ်းယူတော့ ချည်တဘက်ထဲကနေ ပုံ့ခနဲ ကျလာသည့် စာရွက်အခေါက်တစ်ခု။

#ထယ်ယောင်း ငါ ပေးတဲ့ တဘက်လေးကို ကောင်းကောင်းဝတ်နော် ။
ငါ မနက်ကပဲ ဒိုဒန်းကို ပြန်ဖြစ်တယ် ။ မနှုတ်ဆက်လိုက်ရလို့ တောင်းပန်ပါတယ်နော်#

စာက ဤမျှသာ ဆိုပေမဲ့
ထယ်ယောင်းခမျာတော့
ဒိုဒန်းပြန်သွားသည့် သူငယ်ချင်းကို ဒေါသတွေ ထွက်နေပါပြီ။

''ဂါး!! ပတ်ဂျီမင် ငါ့ကို ဘာကိစ္စနှုတ်ဆက်မသွားတာလည်း ။
တွေ့ဦးမယ် ။ တွေ့ဦးမယ်''

ဒေါသစိတ်လေးဖြင့် အိပ်ရာပေါ်ကနေ ခပ်မြန်မြန်ဆင်းတော့ စူးကနဲနာကျင်သွားသည့် တင်ပါးကြောင့် မျက်ရည်ပင် ဝဲသွားသည့် ထယ်ယောင်း။

တပြိုင်နက် ပူရှိန်းရှိန်းအထိအတွေ့ကြောင့် အရှင် ဆေးလိမ်းပေးထားမှန်းသိသည်နှင့် ရှက်ပြေးလေး
နီရဲသွားသည့် နားရွက်ဖျားလေးတွေ။

အခဲမကြေသည့်စိတ်လေးက ရှက်စိတ်ကိုကျော်သွားသည်ထင် ဝတ်ရုံရှည်ကို ခပ်မြန်မြန်ဝတ်ကာ အိမ်အပြင်သို့ ထွက်သွားသည့် ထယ်ယောင်း။

Blue Side ( Completed )Tempat cerita menjadi hidup. Temukan sekarang