''2''

34.3K 3.8K 686
                                    

ဤအကြောင်းအရာများနှင့်
နေရာဒေသအလုံးစုံသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှ ဖြစ်ပါသည်။

======

''မင်း..မင်းက
ကိုယ့်ရဲ့အပြာရောင်လေး''

ကိုယ်လိုက်ရှာနေခဲ့တဲ့
အပြာရောင်လေး။

တအံ့တသြမှင်သပ်နေတုန်း..
ဝရုန်းသုန်းကား ဝင်လာသော
သခင်လေးဆိုသူ ဂျွန်မင်ဝူး...။

''အကိုကြီးဘေးနားက ကောင်လေးက ဒီဟန်ဆမ်နယ်မြေကို သိမ်းတုန်းက
ရလာတဲ့ သုံ့ပန်းပါ။ကျွန်တော်က
ဒီနေ့သူ့ကိုအပိုင်သိမ်းမလို့။အဲ့တာ အကိုကြီးဆီ ရောက်နေတယ်ဆိုလို့ လာခေါ်တာပါ...''

အလှလေး၏ ဖရိုဖရဲပုံစံကိုကြည့်ပြီး အကိုဖြစ်သူက
တစ်ခုခုလုပ်လိုက်ပြီဆိုတာသိပေမဲ့
မတတ်နိုင်ဘူး သူဒါလေးကိုမှ
အပိုင်မသိမ်းလိုက်ရရင်
ယူကြုံးမရဖြစ်နေမိမှာ..။

''မင်းက ငါ့အခန်းထဲမှာ ရှိတဲ့ အရာကို ပြန်တောင်းနေတာလား ဟမ်!!''

အပြောနှင့်အတူ သောက်လက်စအရက်ခွက်ကို နံရံဘက်သို့ ပစ်ပေါက်ပစ်လိုက်သည့်အတွက် တံတွေးကို မသိမသာလေးမြိုချမိသည်..။

''အကိုကြီးလိုချင်ရင်လည်း တခြားသုံ့ပန်းလှလှလေးတွေ အများကြီးရှိပါတယ်။သူကတော့ ကျွန်တော့်ဟာမလို့''

ညီဖြစ်သူပြောလိုက်သော
စကားကြောင့် ဘေးနားမှာရှိသည့် အလှလေးကို ပုခုံးကနေ လှမ်းဆွဲကာ မိမိအနားသို့ ပိုနီးစေပြီး...

''မင်ဝူး မင်းသိပါတယ်။
သူ့လောက်လှတဲ့
လူကောရှိသေးလို့လား...''

အေးတိအေးစက်နိုင်သော
ခနဲ့တဲ့တဲ့အသံ...။

အကိုဖြစ်သူကို ကြောက်နေပြီဖြစ်ပေမဲ့ မျက်လွှာချထားသော ဖြူဖြူဥဥ အလှလေး၏ မျက်နှာလေးကို
မြင်သည့်အခါ နည်းနည်း
မိုက်ရူးရဲ ဆန်ချင်မိသွားသည်...။

''မျိုးနွယ်စုခေါင်းဆောင် အရှင်ဂျွန်က ဘာမဟုတ်တဲ့ သုံ့ပန်းကို ညီဖြစ်တဲ့ ကျွန်တော်နဲ့ လုနေတယ်ဆိုတော့ တခြားလူတွေအမြင်မှာ
ရိုင်းရာများကျနေမလားလို့...''

ထိုစကားကြောင့် ခါးကြားထဲမှ
ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး

Blue Side ( Completed )Donde viven las historias. Descúbrelo ahora