Unicode
26.1.2021
ရပ်တန့် မနေတဲ့ အချိန်တွေကြောင့် စာမေးပွဲပြီးလို့ သူတို့. လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမဲ့ အချိန်ရောက်လာလေပြီ..
ခမ်းခမ်းနားနားမလုပ်ပေးရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ကောင်ငယ်လေးကို နားဝင်အောင်ထပ်ပြောပြီး တရားရုံးသို့ချီတက်ခဲ့ကြသည်..
တရားရုံးမှာ၂ဦးသဘောတူ.. လက်ထပ်ပြီး.. Jin Hyungနဲ့.. ကျေးဇူးရှင်လူကြီးတွေကို. လိုက် ဂါရဝ. ပြုကာ.. ယူစရာရှိတာယူပြီးထွက်လိုက်သည်..
မနက်ဖြန်မနက်ဆိုလျှင်ဘဲ ဆိုးလ်ကိုသွားရတော့မှာမလား... အဲ့ရောက်မှ.. ကိုယ်ဝန်အတွက်Nurseငှားဖို့စီစဥ်ပေးမယ်လို့ပြောသည်. ဒီမှာနေခဲ့တဲ့အချိန်ကတော့ ကိုယ်ဝန် မရင့်သေးတာကြောင့်ကော Jin hyungမိဘတွေရှိတာကောကြောင့်.. သူနာပြုသီးသန့်ဟူ၍မငှား... တစ်လတစ်ခါတော့ ဆေးခန်းသွားပြတယ်ပေါ့လေ...
Hyung...
ဟင်..
ခုဆို hyungကလဲကျွန်တော့အပိုင်ဖြစ်ပြီး ကျွန်တော်ကလဲhyungအပိုင်ဖြစ်သွားပြီနော်..
အစထဲကပိုင်ပြီးသားကိုGukieရယ်..
အစက.. ပိုင်တယ်ဆိုပေမဲ့ ခုက သေချာပေါက်ပိုပိုင်သွားတာပေါ့Hyungရဲ့.
ဟုတ်ပါပြီ..
ဆိုးလ်ရောက်ရင်.. ဗိုက်ထဲက သမီးလေးလား သားလေးလားဆိုတာသိရတော့မှာပေါ့နော်..
အင်း.. သေချာပေါက်Gukieနဲ့တူလောက်တယ်.
ကျွန်တော်ကတော့hyungနဲ့ပိုတူစေ ချင်တာ..
Gukieနဲ့တူမှာ..
Hyungနဲ့တူမှာပါဆို..
ကဲ. ဟုတ်ပါပြီ ညရောက်နေပြီမို့ အိပ်ကြရအောင်လေ.. hyungပင်ပန်းနေပြီ..
အင်း.. အိပ်မက်လှလှလေးမက်ပါစေhyung...
အင်းgukieရောဘဲ.. ပီးတော့ချစ်တယ်.
ကျွန်တော်လဲ အများကြီးချစ်တယ်..
ထို့နောက်.. ဗိုက်ပူပူလေးနဲ့.. အိပ်ချင်နေတဲ့Hyungနှဖူးပေါ်တစ်ချက် ကလေးလေးတည်ရှိရာကိုတစ်ချက် အနမ်းပေးကာ သူလဲအိပ်မက်ကမ္ဘာဆီသို့...
YOU ARE READING
"LOVE EQUAL HATE" [Uni & Zaw]
FanfictionJJK 💫PJM 🌫️Own Creation🌫️ Start ★10.12.2020★ End ★13.4.2021★