✴️14✴️

3.2K 332 7
                                    

Unicode

15.2.2021

ခုဆိုဆေးရုံမှာ.. Jungkookကစောင့်နေပြီး Jin hyungတို့၂ယောက်လဲ လိုအပ်တာသွားဝယ်လေသည်.. အိမ်ကိုအကြောင်းကြားထားပေမဲ့. မနက်မှလာဖြစ်မယ်ထင်ပါရဲ့...

ကုတင်ပေါ်လှဲလျောင်းနေတဲ့ Hyungအားကြည့်ရင်း သက်ပြင်းဖွဖွချမိသည်... လက်ဖောင်းလေးအား အသာဆုပ်ကိုင်ရင်း... Hyungတွက်သူစိတ်မကောင်းဖြစ်မိသည်..

ယောကျ်ားလေးပေမဲ့ သဘာဝကိုလွန်ဆန်ပြီး. သူ့ရင်သွေးကိုလွယ်ပေးနိုင်ခဲ့တာက ကံကောင်းမှုတစ်ခုဘဲလေ... အမှန်ဆို ဒီလိုချိန်.. အမေတို့ကသူ့မြေးသားတွက် စိတ်ပူပြီး ချက်ချင်းလိုက်လာသင့်တာ.. ခုတော့Hyungနားမှာသူနဲ့ Jin hyungတို့ကလွဲလို့ ဘယ်သူမှမရှိ... တောင်းပန်ပါတယ်.. hyung.. နောက်ပြီး အားမငယ်ပါနဲ့ ခုဆိုHyungဘေးမှာ ကျွန်တော်တင်မဟုတ်ဘူး သမီးလေးပါ ရှိလာပြီလေ Hyung..

အနာရှိန်နဲ့ကြောင့်... ခုထိမနိုးသေးတဲ့Hyung.. သူလဲ. တစ်ညလုံးမအိပ်ဘဲ... hyungကိုသာစောင့်ကြည့်နေသည် .သမီးလေးကိုလဲ သက်ဆိုင်ရာအခန်းထဲမှာထားထားရသေးတာမလို့.. သူကိုင်တွယ်လို့မရသေးပါ...

မြန်မြန်နိုးလာပါတော့Hyung.. သမီးလေးကို.. အတူပွေ့ချီရအောင်လို့...

Jin Hyungတို့လာစောင့်ပေးမယ်လို့ပြောပေမဲ့ သူအတင်းသာ.. ပြန်နားခိုင်းလိုက်သည်. Jin hyungတို့လဲသူ့အားပြောမရတဲ့အဆုံး.. လက်လျော့လိုက်ရသည်... တညလုံး Hyungကိုကြည့်လိုက်... လိုအပ်တာလုပ်လိုက်နဲ့.. မနက်သို့ရောက်ရှိသွားလေပြီ...

ခဏနေဆရာဝန်လာတော့မှာမလို့ သန့်စင်ခန်းဝင်ကာ.. ပြင်ဆင်သန့်စင်ပြီး ထွက်လာတော့... မျက်လုံးပွင့်နေတဲ့Hyung..

Hyungနိုးပြီလားဟင်. နာနေသေးလား... ဘယ်နားနေလို့မကောင်းဖြစနလဲ အာဟုတ်သား.. ကျွန်တော်ဆရာဝန်သွားခေါ်လိုက်အူးမယ်Hyung..

Gukie...

ဟင်...

Hyungအဆင်ပြေပါတယ်. နည်းနည်းနာပေမဲ့.. ဘာမှမဖြစ်ပါဘူး.. သမီးလေးကောဟင် အဆင်ပြေရဲ့လားHyungတွေ့ချင်တယ်..

သမီးလေးလဲအဆင်ပြေပါတယ်Hyungရဲ့.... သိပ်မကြာခင်တွေ့ရတော့မှာပါ.. ခုတော့ဆရာဝန်ကိုသွားခေါ်ပြီး လိုအပ်တာလုပ်ရဦးမယ်လေ Hyung.

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now