✴️27✴️

4.5K 420 23
                                    

Unicode

7.4.2021

ဟင့်အင်း.. ငါမင်းကိုမုန်းတယ်.. ဘယ်တော့မှမင်းဆီပြန်လာမှာမဟုတ်ဘူး.

ကျွန်တော်ကတော့ချစ်တယ်. အရမ်းချစ်တယ်..

မင်းကချစ်တဲ့သူ ငါကမုန်းတဲ့သူ... မတူညီတဲ့လမ်းမှာရပ်နေပြီးသား

ကျွန်တော်ကတော့တူတယ်လို့ထင်တာဘဲ. ချစ်တယ်ဆိုတဲ့အရာကိုလဲ လက်တွေ့မမြင်ရသလို.. မုန်းတယ်ဆိုတဲ့အရာကိုလဲ လက်တွေ့မမြင်ရဘူး ဒါကြောင့်မုန်းတာနဲ့ချစ်တာကတူတူဘဲ .

လက်တွေ့မမြင်ရပေမဲ့ ခံစားချက်ခြင်းကကွာတယ်...

ဟူးးး

ဒါဘာလုပ်တာလဲ

ဒူးထောက်လိုက်တာလေ... ဒီထက်ပိုပြီးဘာလုပ်စေချင်သေးလဲ. ဘယ်လိုလုပ်မှကျွန်တော်Hyungနားပြန်လာရမလဲ.. Hyungပြောပါ...

ဘယ်လိုနေနေငါကခွင့်မလွှတ်ဘူးဆိုရင်ကော

Hyungခွင့်လွှတ်မှာပါ. ကျွန်တော့ကိုချစ်သေးတယ်မလား..

မျက်နှာလွှဲသွားတဲ့Hyung.

Hyungမဖြေလဲကျွန်တော့စိတ်ထဲကသိနေတယ်. Hyungဆိုင်ဘေးကအဒေါ်ကြီးနဲ့သဝန်တိုတာတွေ.. ခုချိန်ထိ ကျွန်တော်ညစာမစားရင်ဘာဖြစ်တတ်တာတွေ.. သိနေတုန်းဘဲလေ.

အမြဲနေလာခဲ့ဖူးတဲ့လူတစ်ယောက်ရဲ့အပြုအမူကို လုံးဝမေ့ပစ်လိုက်ဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာ. ဒါကိုမင်းကိုချစ်နေသေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့. လာမရောနဲ့.. ငါမင်းကိုမချစ်တော့တာကြာပြီ..

Hyung...

Hyungဒီစကားကို. ပြန်ရုတ်သိမ်းဖို့အစီစဥ်ရှိလား

လုံးဝဘဲ

ကောင်းပြီလေ Hyung... ဒီကိုခဲ့တာHyungရဲ့ခွင့်လွှတ်မှုရပြီး တစ်သက်လုံးအတူနေဖို့ ဒါပေမဲ့ ခွင့်မလွှတ်ဘူးဆိုတော့လဲ ကျွန်တော့ကံပေါ့... သားလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားပါHyung.. ကျွန်တော်ထပ်မနှောင့်ယှက်တော့ပါဘူး..

အနောက်ကအသံမကြားတော့တာကြောင့် လှည့်ကြည့်မိတော့.. Jungkookရှိမနေတော့.. ရုတ်တရက်လမ်းမဘက် ကြည့်မိတော့. ရှုပ်ထွေးနေတဲ့ကားလမ်းအလယ်ရောက်နေတဲ့Jungkook,ကားဟွန်းသီးသံတွေကလဲဆူညံလို့..

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now