✴️22✴️

4.2K 406 6
                                    

Unicode

28.3.2021

Busanရောက်တော့. အရင်ဆုံးသွားမိတာက.. Jin Hyungရဲ့ခေါက်ဆွဲဆိုင်ပင်...
အပြင်ကလှမ်းကြည့်တော့ အထဲမှာ Jin hyungနဲ့သူ့ယောက်ျားကိုတွေ့ရသည်..

အချိန်ကအရောင်းပါးချိန်မလို့... လူရှင်းနေတော့... ဒါကိုအခွင့်ကောင်းယူကာ သူဆိုင်ထဲသို့အရဲစွန့်ဝင်သွားခဲ့သည်..

ကြိုဆိုပါတယ် ဘာသုံးဆောင်....
Jeon Jungkook..

မတွေ့တာကြာပြီနော်Jin Hyung.

မင်းဒီကိုဘာလာလုပ်တာလဲ.. ဒါမင်းလာသင့်တဲ့နေရာမဟုတ်ဘူးဆိုတာသိတယ်မလား

Nae. ကျွန်တော်နားလည်ပါတယ်. ဒါမဲ့ သိသင့်တယ်ထင်တဲ့အကြောင်း တစ်ချို့ပြောပြချင်လို့ပါ..

ဘာမှမပြောပြနဲ့ ငါနားမထောင်ချင်ဘူး.

တောင်းဆိုတာပါJin hyung..

ဘာဘဲဖြစ်ဖြစ် နားထောင်ပေးလိုက်ပါဦးHyungရယ်.

ဘေးနားကTaehyungဝင်ပြောမှ လက်ခံသွားပုံရသည်.

ခုမင်းပြောတာကိုယုံခိုင်းနေတာလား ... မင်းကြောင့်ငါတို့Jiminဘယ်လောက်ဝမ်းနည်းပြီး ခက်ခဲခဲ့ရလဲ.

ကျွန်တော်နားလည်ပါတယ်. ဒါကြောင့်လဲကျွန်တော်ပြန်လာခဲ့တာပါ.

မင်းတောင်းဆိုတာကိုမကူညီနိုင်ဘူးJungkook. မင်းကတော့မျက်နှာပြောင်တိုက်ပြီး နေနိုင်ပေမဲ့ ငါတို့Jiminကမင်းကိုမြင်တာနဲ့ စိတ်ထိခိုက်မှာ ကျိန်းသေပဲ.. ဒါကြောင့် လာရာလမ်းအတိုင်းပြန်လိုက်တာကောင်းမယ်..

ကျွန်တော်ပြန်လှည့်ဖို့တွက် ဒီဆုံးဖြတ်ချက်ချခဲ့တာမဟုတ်ဘူး.. ဘယ်လိုဖြစ်ဖြစ်.... Hyungနားရောက်အောင်သွားဦးမှာမလို့... မတားပါနဲ့.. Hyungဘဲခံစားခဲ့ရတာမဟုတ်ပါဘူး ကျွန်တော်လဲမိဘပါ. ကိုယ်အသုံးမကျလို့ဖြစ်ခဲ့တဲ့ ကိစ္စက. တကယ့်ကို ရင်နာစရာကောင်းခဲ့ပါတယ် အဲ့တွက်လဲ ကျွန်တော် အပြစ်ကြွေးဆပ်ခဲ့ပြီးပါပြီ.. မကျေနိုင်တာသိပေမဲ့လဲ... Hyungအပေါ် ရက်စက်ရာကျပေမဲ့လဲ... Hyungမရှိရင်မနေနိုင်တာမလို့.. ကျွန်တော်ဒီဆုံးဖြတ်ချက်ချခဲ့တာပါ. ဒါကြောင့် ကျေးဇူးပြုပြီး....

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now