✴️1✴️

17.7K 762 18
                                    

Unicode

10.12.2020

ချိန်းဆိုထားတဲ့ နေ့စွဲရောက်လာတာကြောင့် တရားရုံးသို့ Jeon Ha Na ဆိုတဲ့ သူမ ရောက်လာခဲ့သည်...
ဘယ်လိုခံစားနေရလဲမေးရင်... ရင်ကိုမီးစနဲ့ထိုးနေသလို ပူလောင်နေသည်..

ငယ်စဥ်ကတည်း ရွှေလိုဥပြီး.. ဘာလိုအပ်ချက်မှမရှိအောင် ထားပြီးချစ်ခဲ့တဲ့သူမရဲ့သားက ခုဘာမဟုတ်တဲ့အချစ်ကြောင့်ဘဲ.. ဒုက္ခတွေကိုခံစားရတော့မယ်..

သူမ ဘာမှမလုပ်ပေးနိုင်တော့..သူတတ်နိုင်သလောက် လုပ်ပေးခဲ့ပေမဲ့ အရာမထင်ခဲ့..

လွန်ခဲ့သောတစ်နာရီခန့်က...

ဘာပြောစရာကျန်သေးလို့လဲ အမေ.. အာ.. အန်တီ..

ငါ့သားကိုတရားစွဲထားတာ.. ခုချက်ချင်းဖျက်သိမ်းပေးပါ..

ထပ်ပီးဒီစကားဘဲလား.. တရားစစွဲခဲ့တဲ့နေ့က. အန်တီပြောခဲ့တာ ခုလဲဒီစကားဘဲလား.. စိတ်ကူးပြောင်းမှာမဟုတ်လို့...ဒါတွေလာပြောနေမဲ့အစား.. ဘယ်လိုရုန်းရင်လွတ်နိုင်မလဲသာ စဥ်းစားတာကောင်းမယ်ထင်တယ် အန်တီ...

ဘာ.. Park Jiminမင်း... ဘာလဲငါ့သားနားကခြူစားရတာဝတော့.. ထွက်ပြေးတော့မယ်ပေါ့..

စကားပြောတာဆင်ခြင်ပါအန်တီ.. ဒါတွေအကုန်လုံးကအန်တီ့အပြစ်မကင်းဘူးဆိုတာ မသိဘူးလား.

ငါဘာမှမဟုတ်တာမလုပ်ခဲ့ဘူး.. ငါ့သားဘဝတိုးတက်ဖို့ဘဲငါကြည့်ခဲ့တာ..

မဟုတ်တာမလုပ်ဘူး ဟုတ်လား. ဒါဆို အန်တီ့ရဲ့မြေး ကျွန်တော့သမီးလေးက ဘာကြောင့် ဒီလောကကြီးထဲကထွက်သွားရတာလဲ..

စကားကိုတိုးတိုးပြော. ဘေးလူတွေကြည့်နေတယ်.. နောက်ပြီး.. မင်းသမီးသေတာ ငါနဲ့မဆိုင်ဘူး..မင်းဘာသာဂရုမစိုက်လို့..

ဟက်.. တကယ့်အဖွားရင်းကောဟုတ်ရဲ့လား... နည်းနည်းလေးမှ Ji ahအပေါ်.. အားနာစိတ်မဖြစ်ဘူးလား.

အားနာစရာဘာအကြောင်းမှမရှိဘူး..

ကောင်းပြီလေ. ဒါဆိုကျွန်တော့ဘက်ကလဲအားနာစရာလုံးဝမရှိဘူး.. ကျွန်တော့သမီး Ji ahကိုသေအောင်လုပ်တဲ့ အန်တီ့သား Jungkookကို သေချာပေါက်ထောင်ချပြမယ်. တရားရုံးမှာတွေ့ကြတာပေါ့ အန်တီ..

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now