✴️13✴️

3.2K 355 5
                                    

Unicode

11.2.2021

မနက်မိုးလင်းနိူးတော့ Jimin... အရင်ဦးဆုံးထလိုက်သည်. ညကဝမ်းနည်းနေတာနဲ့. ဘယ်လိုအိပ်ပျော်သွားမှန်းမသိ...

ဘေးကအိပ်မောကျနေတဲ့ Gukieကိုထားကာ... မျက်နှာသွားသစ်လိုက်သည်. အားလုံးပြင်ဆင်ပြီးတော့. အောက်မှာအိမ်အကူအဒေါ်ကြီးတွေက မနက်စာတောင်ပြင်နေလေပြီ..

သူအားရှိဖို့သူ့တွက်သီးသန့်ပြင်ပေးထားပေမဲ့လဲ မစားဖြစ်ဘဲ အိမ်ပြင်သာထွက်လာမိသည်.. သူ့ခြေလှမ်းတွေရဲ့ဦးတည်ရာကတော့ Jin hyungဆီသာ..

Jin hyungကိုဖုန်းခေါ်ပြီး. Hyungပို့တဲ့. လိပ်စာအတိုင်းထွက်လာလိုက်တော့ တည်းခိုခန်းတစ်ခုသာ.. စောပေမဲ့လဲ... သူထွက်လာမိလိုက်သည်..

သူရောက်တော့ Jin hyungနဲ့အတူ. ဘေးက ကောင်လေးတစ်ယောက်ပါ အတူထွက်လာသည်...

Jimin. လာလေ. မနက်စာကောစားခဲ့ရဲ့လား မျက်လုံးတွေကလဲ အစ်လို့..

ကျွန်တော့ကြောင့် Hyungတို့အိပ်ရေးပျက်ရပြီ..

ရပါတယ်ကွာ. ဒီက ကိုဗိုက်ကလေးကိုကြည့်တာနဲ့ အိပ်ချင်စိတ်ပါပျောက်ကုန်ပြီ.

Hyungကိုအားနာနေတာ. မနေ့ကကိစ္စတွက်.

ရပါတယ်ကွာ. ခုဒီမှာတည်းနေတာလဲ အဆင်ပြေနေတာဘဲလေ. စိတ်ထဲမထားပါနဲ့
နောက်ပြီး မွေးခါနီးအချိန် စိတ်မကောင်းမဖြစ်နဲ့ စိတ်ကိုအတတ်နိုင်ဆုံး ပျော်ရွှင်အောင်နေ. အစားပုံမှန်စား. ဟုတ်ပြီလား ဒါမှ ဗိုက်ထဲက တူမလေးက ကျန်းကျန်းမာမာလှလှပပနဲ့ မွေးဖွားလာမှာ..

ဟုတ်ကဲ့ပါ hyung.. ဒါနဲ့ လက်ထပ်ဖို့ကိစ္စက

အာ. မိတ်ဆက်ပေးရဦးမယ်.. ဒါက hyungနဲ့လက်ထပ်မဲ့သူ နာမည်က Kim Taehyungတဲ့. Jiminထက် လပိုင်းလောက်ဘဲငယ်မယ်ထင်တယ်..

တွေ့ရတာဝမ်းသာပါတယ် hyungပြောလို အကိုJiminအကြောင်းတွေကြားဖူးပါတယ်..

အင်း တွေ့ရတာဝမ်းသာပါတယ်. Hyungနဲ့ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ပါစေ..

ကဲ. Jimin.... မနက်စာမစားရသေးဘူးမလား.. Hyungတို့နဲ့အပြင်မှာသွားစားရအောင်. အတူမစားရတာလဲကြာပြီမလား..

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now