Unicode
31.3.2021
Jimin. အံ့သြမှုကြောင့် အသံပင်ထွက်မလာ. သို့ပေမဲ့ မကြာလိုက် ပြန်ဝင်လာတဲ့အသိစိတ်ကြောင့် မျက်နှာဟာအလွန်တင်းမာလျက်.မင်းဒီကိုဘာလာလုပ်တာလဲ
ကျွန်တော်အလုပ်လာလုပ်တာပါHyung..
ရူးနေလား... ဘယ်လောက်ထိငါ့ကိုစိတ်ဒုက္ခရောက်စေချင်တာလဲ..
အထင်မလွဲပါနဲ့hyung.. ကျန်တဲ့အကြံအစည်တစ်ခုမှမရှိပါဘူး.. အလုပ်လာလုပ်ရုံပါ.
ဟက်... လိမ်ရင်လဲပိပိရိရိလိမ်မှပေါ့. မင်းလိုရွှေပုံပေါ်ထိုင်နေတဲ့ သူဌေးသားက ဒီလိုပန်းဆိုင်မှာ အလုပ်လုပ်ဖို့ဟုတ်လား...
Hyungသတင်းမကြည့်ရသေးဘူးထင်တယ်မနေ့ညကဘဲ . အမွေဖျက်ခံလိုက်ရပြီးပြီ..
Jin hyungကိုမင်းဘယ်လိုသိမ်းသွင်းလိုက်လဲမသိပေမဲ့ ငါ့ကိုတော့သိမ်းသွင်းလို့ရမှာမဟုတ်ဘူး.. ငါအရင်ကjiminမဟုတ်တော့ဘူး.. မင်းကိုချစ်တဲ့Jiminမဟုတ်ဘူး မင်းကိူမုန်းနေတဲ့Jimin..
အဲ့လောက်တောင်မုန်းလားHyung.
အဲ့ထက်ကိုပိုတယ်.. ငါသာမင်းနေရာမှာဆို. မျက်နှာပြရဲမှာမဟုတ်ဘူး ဒါပေမဲ့မင်းကတော့မျက်နှာပြောင်တိုက်လိုက်တာ..
ထပ်ခါထပ်ခါတောင်းပန်လဲ.. ခွင့်မလွှတ်နိုင်မှန်းသိပါတယ်Hyung.. ဒါပေမဲ့လူတိုင်းမှာအခွင့်အရေးဆိုတာရှိတယ်မလား ..
ကိုယ့်သားသမီးကိုသတ်တဲ့မင်းလိုဖအေကို လူ့အခွင့်အရေးပေးရမှာလား..
ရင်ထဲကနာကျင်မှုနဲ့အတူ မျက်ဝန်းမှအရည်ကြည်များလဲ ရစ်သိုင်းလာသည်.
ဘာလဲ. အထိနာသွားလား ငါပြောတဲ့ထဲမှားတာတစ်ခုမှမပါဘူး.. မင်းမျက်ရည်ကျလို့ဝမ်းနည်းတတ်တဲ့... အရင်ကငါမဟုတ်တော့ဘူး..
Jimin...
Jin Hyung..
စကားခဏပြောရအောင်Jimin.. Jungkookမင်းဒီမှာစောင့်နေလိုက်.
ပန်းဆိုင်အတွင်း၂ယောက်ဝင်သွားပီး တစ်ယောက်သာအပြင်မှာအထီးကျန်စွာကျန်ခဲ့သည်..
YOU ARE READING
"LOVE EQUAL HATE" [Uni & Zaw]
FanfictionJJK 💫PJM 🌫️Own Creation🌫️ Start ★10.12.2020★ End ★13.4.2021★