✴️19✴️

3.4K 357 11
                                    

Unicode

18.3.2021


ရုံးခန်းထဲပြန်ရောက်တော့ Hyungက ချိုင့်အား သိမ်းဆည်းနေလေပြီ...

Hyungအဆင်ပြေရဲ့လား အင်္ကျီက

အင်း..

သမီးလေးကော မူကြိုပို့ခဲ့ပြီလား

အင်း..

အင်း... တစ်လုံးဘဲဖြေကာ သူ့ပင်တစ်ချက်မှမကြည့်ဘဲ.. ချိုင့်သိမ်းနေတဲ့Hyungနားသွားထိုင်ကာ အသာပွေ့ဖက်လိုက်တော့လဲ ငြိမ်နေရှာသည်...

.. ကျွန်တော်က hyungတစ်ယောက်ထဲချစ်တယ်ဆိုတာသိတယ်မလား..

အင်း..

ခဏကHyungထင်သလိုမဟုတ်ဘူးနော် Shin lay.က ကျွန်တော်ထမင်းမစားရသေးလို့. ဝယ်လာပေးတာ နောက်ပီး မစားဘူးငြင်းနေလို့ သူအတင်းခွံ့ကျွေးနေတာပါ..

အင်း.. Hyungထမင်းပို့တာနောက်ကျသွားတယ်.

မဟုတ်တာ.. ကျွန်တော်ကသာ ဒီနေ့မဆာလို့. ရုံးကန်တင်းမှာသွားမစားတာ Hyungအပြစ်မဟုတ်ပါဘူး.. နောက်ပြီး တောင်းပန်ပါတယ် မနေ့က အပြင်မှာအိပ်မိတဲ့အတွက် ကျွန်တော့ကိုခွင့်လွှတ်မယ်မလားဟင်..

Gukie...တစ်ခါတလေ Hyungဘက်ကမှားတာဖြစ်ဖြစ် စိတ်အခန့်မသင့်လို့ဖြစ်တာဘဲဖြစ်ဖြစ် Gukieနားလည်ပေးပါနော်.. စိတ်တိုတုန်းသာ ပြောမိပြောရာပြောပေမဲ့. တကယ်တမ်းကျ. မင်းကိုလက်မလွှတ်နိုင်ဘူး.

ဟာ Hyung.ကလဲ ဘာလို့လက်လွှတ်ရမှာလဲ ကျွန်တော်လဲ hyungကိုလက်မလွှတ်သလို. Hyungလဲမလွှတ်ရဘူး hyungရယ်ကျွန်တော်ရယ် သမီးလေးရယ် သက်ဆုံးတိုင်နေသွားကြတာပေါ့..

အင်း..

ချစ်တယ် Hyung..

Hyungလဲချစ်တယ်Gukie..

~~~~±~~

ဒီလိုနဲ့. လက်မလွှတ်နိုင်တဲ့စိတ်ကြောင့်.. မနေ့ညကအဖြစ်ပျက်ကို သူမေ့ထားခဲ့သည်. အရေးကြီးတာ သူတို့မိသားစုသာယာဖို့ဘဲလေ... ဘယ်နည်းနဲ့မှအပြိုကွဲမခံနိုင်တာကြောင့် သူအတတ်နိုင်ဆုံးကာကွယ်မည်...

ရက်မှလ.. လမှနှစ်သို့ ကူးပြောင်းခဲ့သည်..
ခုဆို သမီးလေးလဲ ၅နှစ်ပြည့်ခဲ့ပြီ. အရွယ်နဲ့မလိုက်အောင်ပင် စကားတတ်ပြီး. ထူးချွန်တာကြောင့်.. ကျောင်းမှာလဲကျောင်းမှာမလို့ မချစ်တဲ့သူမရှိ..

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now