မြတ်နိုးရာအချစ်...Three

574 60 50
                                    

Kyungsoo......!!!

ဟင်...Chanyeol ရဲ့အသံ၊
အသံကြားပြီး လူကမတွေ့သေး။
ဘယ်မှာပါလိမ့် ဟိုကြည့်ဒီကြည့်...
လက်တစ်ဖက်မှာ Luggage ကဆွဲထားရသေး။

အင့်.....အရှိန်နှင့်ပြေးလာဖက်သည့်
လူတစ်ဦး၊ဘယ်သူပါ.....

ရင်းနှီးလှသည့် ခန္ဓာကိုယ်အနွေးဓာတ်
ရူရှိုက်ဖူးသည့်ကိုယ်သင်းနံ့
အံဝင်ခွင်ကျ ဖြစ်လွန်းလှသည့် ရင်ဘတ်နှစ်စုံ၊
size difference က အသက်...

" Chanyeol...! "

" အရမ်းလွမ်းနေတာ Doh Kyungsoo..
Kyungsoo အရမ်းအရမ်းပဲကွာ..."

ဗလုံဗထွေးပြောသံတွေက
ဆံပင်တိုစိစိနား မဟုတ်သေးဘူး၊
နားရွက်နောက်နား က အသက်ရှုသံပြင်းပြင်းအငွေ့တွေကြောင့်လား...
တင်းကျပ်စွာ ဖက်ထားသည့် လက်တွေမှတစ်ဆင့် Chanyeol ရဲ့အချစ်ကိုခံစားမိစေတယ်။

ခန္ဓာကိုယ်ကို ခဏဖယ်ခွာပြီး
ပါးနှစ်ဖက်ကိုဆုပ်ကိုင်လာသည့်
လက်ဖဝါးကြီးနှစ်ဖက်ကြား ဖိခံထားရသည့်ပါးလေးနှစ်ဖက်မှာ သနားစဖွယ်။
စူထော်လာသည့် အသဲပုံနှုတ်ခမ်းလေးအား...

" အူး...မွ...ပြွတ် "

" တော်ကျပါတော့! သောက် RS တွေ
လေယာဥ်ကွင်းအဆောက်အဦးထဲ ကဲမနေကျပါနဲ့ မျက်စိဆံပင်မွှေးစူးတယ် ဟေ့!! "

အသံအောင်လှသည့် ဂျုံဒယ်၏
အသံစူးစူး။ လူက မမြင်ရသေးပေမယ့်လို့...

အနားရောက်လာသည့် ဂျုံဒယ်မှ

" အလုပ်ကိစ္စလေးရှိလို့ သူ့လူလေးကို ၁လလောက် ခေါ်သွားမိပါတယ်၊ငါးပါးမဟုတ်ဘူး၊ဆယ်ပါးမှောက်တယ်ဟေ့"

"မိုးလင်း VC နဲ့နိုး အာဘွားတစ်သိန်းနဲ့ ပလူးလိုက်၊ အိပ်ခါနီး အူးမွ တစ်သောင်းနဲ့ VC လိုက်နဲ့ ကြာတော့
ချဥ်လာပြီဟေ့ "

"အတာဆို ဘာလို့ ငါ့ရဲ့ နှလုံးသားလေးကို မင်းခေါ်သွားလဲ၊ကိုယ့်ဘာသာမသွားပဲနဲ့ "

"မင်း...."

" Chanyeol ! တော်တော့လေကွာ
အကျိုးအကြောင်းသိရဲ့သားနဲ့
ဂျုံဒယ်ကို သွားပြီး အာရုံစားမနေနဲ့ "

" ဟုတ်ပါပြီ ကိုယ်က စတာပါကွာ
ဂျုံဒယ် အချစ်ဆုံးကြီး ရော့ Kyungsoo အိတ်လေးပါသယ်ခဲ့ပေး "

မြတ်နိုးရာ အချစ် { ChanSoo One Shots }Where stories live. Discover now