ဦးရဲ့ကလေးလေးဖြစ်ချင်တယ်..." ဂယောင်ဆူးရေ "
" မောင်လေးရေ "
ကျောင်းကအပြန်အိမ်ဝင်းထဲရောက်သည်နှင့် သူမ၏ချစ်လှစွာသောမောင်လေးကို တကြော်ကြော်အော်ခေါ်နေသော သူမ။
" ဗျာ ဗျ့ "
" အမလေး... မမစီလာပါအုန်း အသဲလေးရေ လွမ်းလှပြီ "
" လာပါပြီ ခဗျ "
အနားနားတိုးကပ်၍ ပေါက်စီလုံးပုံစံ ပါးဖောင်းဖောင်းလေးတွေကို မွှေးကြူနေပြန်သည်။
" အဟမ်းအဟမ်း ..."
" အာ...ချန်းယောလ် "
အော် အခုမှငါရှိနေသေးတာ သတိရသေးတာပေါ့။ကောင်းလိုက်တဲ့ သူငယ်ချင်းမလေး...
" ဒီဦးဦးက ဘယ်...သူ...လဲ..ဟင် "
မျက်လုံးတောက်တောက်ကြည်ကြည်လေးတွေရဲ့ အမေးစကားလေး။
" ဟားဟားဟား ဦးဦးတဲ့ ဟားဟား "
" ဟယ်ဆူး အေး နင်ရီနေလိုက် "
" ဂယောင်ဆူးမောင်လေး သူက မမသူငယ်ချင်း ပတ်ချန်းယောလ်တဲ့ ကိုကိုလို့ခေါ်နော် ဟုတ်ပြီလား "
"..... "
" မမတို့အိမ်ရှေ့က အိမ်အကြီးကြီးရဲ့ ပိုင်ရှင်ကိုကိုလေ.."
"..... "
" အသဲလေးပဲ...အဲ့အိမ်ကြီးကိုသဘောတွေကျနေတာလေ...နော် ကိုကိုလို့ခေါ်ရင် ဒီကိုကိုက အိမ်လည်ခေါ်မယ်တဲ့ "
" ခေါ်ပါဘူး ဦးဦးပဲ ခေါ်မယ်ဗျ "
၅နှစ်အရွယ်ကလေးလေးရဲ့အပြောကို မျက်မှောင်ကျုံမိနေတုန်း...
" ဦးဦး..."
ကျွန်တော်အင်္ကျီစလေးကိုမမှီတမှီ ဆွဲယူကိုင်ရင်းခေါ်တဲ့အခါ ကလေးလေးအနားဒူးညွတ်၍ထိုင်ချမိလိုက်သည်။
လည်ပင်းကို လက်သေးသေးဖောင်းဖောင်းလေးနဲ့ ဆုပ်ကိုင်လိုက်ပြီး..." ဦးဦး....အာ...ဘွား..."
ပါးပြင်ပေါ်ကတံတွေးစိုစိုစွတ်စွတ်...
ဆူဆူပွပွ နှုတ်ခမ်းရဲရဲလေးနဲ့ မျက်လုံးတောက်တောက်လေးတစ်စုံ။
KAMU SEDANG MEMBACA
မြတ်နိုးရာ အချစ် { ChanSoo One Shots }
RomansaChanSoo One Shots Collection 💛 Park ChanYeol & Doh Kyung Soo #cover by mayalinkar❣️