"ချန်းယောလ် ဂယောင်ဆူး ပြန်လာနေပြီတဲ့ "ဟင်....
" မားမားက ငါ့ကိုသွားကြိုခိုင်းနေတာ..အတာ.."
" ငါသွားကြိုပေးမယ်..ဟယ်ဆူးမနက်ဖန်မလား..."
" အင်း ဟုတ်တယ် "
" အိုကေ သွားပြီ "
" ဟဲ့ ဘယ်တုန်း! "
" ငါ့ကလေးလေး ပြန်လာပြီဆိုတော့ ရူပါလန်းအောင် သွားလုပ်မလို့...သွားပြီ "
လက်ပြလို့ နှုတ်ဆက်ထွက်ခွာသွားတဲ့ ချန်းယောလ်။သူ့အပြုံးတွေအသက်မဝင်ခဲ့တာ ဘယ်လောက်ရှိပြီလဲ..အခုမှပဲ အားရပါးရ ရီမောပျော်ရွှင်နေတဲ့ သူ့ရဲ့ချန်းယောလ်။
အဆင်ပြေပါတယ်.. နှစ်ယောက်လုံးက သူ့ရဲ့အရေးကြီးဆုံးလူသားလေးတွေပဲလေ။
ဟုတ်ပါတယ်...
ချန်းယောလ်နဲ့ဟယ်ဆူးရဲ့ စေ့စပ်ပွဲမလုပ်ဖြစ်ခဲ့ပါဘူး။ရက်နောက်ဆုတ်ခြင်းကနေ အခုထိပါပဲ...အမုန်းတရားကို မခံစားနိုင်လို့ ချန်းယောလ်ပျော်ရွှင်ဖို့အတွက်..စေ့စပ်ပွဲကိုငြင်းပယ်ခဲ့သည်။အကြောင်းတရားတွေကို မသိဟန်ဆောင်လို့ အမှန်တရားကို လက်ခံမိခဲ့သည်။အသဲလေးကိုလည်း လွမ်းလှပါပြီ။မမကိုများ စိတ်နာနေလေမလား....................................
ကလေးလေးထွက်အလာကို စောင့်ဆိုင်းနေရတာ ရင်တွေခုန်လိုက်တာ...ကိုယ့်ပုံကိုတစ်ချက်ပြန်ကြည့်လို့ အဆင်ရောပြေနေရဲ့လား...မတရားများ ပဲများနေသလားလို့ ကြည့်ရသေး။
၃၂နှစ်အရွယ်ရောက်မှမြီးကောင်ပေါက်ဆယ်ကျော်သက်လေးလို..ရင်ခုန်သံ တဒုန်းဒုန်း။ကလေးလေး...သူ့ကလေးလေး..
ဦးရဲ့ကလေးလေး...
ဟင်။
CZYTASZ
မြတ်နိုးရာ အချစ် { ChanSoo One Shots }
RomansChanSoo One Shots Collection 💛 Park ChanYeol & Doh Kyung Soo #cover by mayalinkar❣️