မြတ်နိုးရာအချစ်...five

454 59 12
                                    


အကို..

အကိုလို့....

အကို့ ... အကိုက ဗျာ....

အကိုး.......

ဟင်း...ဒီခေါ်သံလေးကိုသူဘယ်လောက်ထိလွမ်းနေခဲ့ရသလဲ။
အခုတော့ ဒီခေါ်သံလေးကို ကြားရဖို့ နာရီပိုင်းအချို့သာလိုတော့သည်။
တွေးပြီး ပြုံးနေမိတာ မျက်နှာကဟန်ဆောင်ဖုံးကွယ်လို့ပင်မရ။

" ဧည့်သည် ဘာလိုအပ်သေးလဲရှင့် "

" အာ..မလိုတော့ဘူး "

" သာယာသောခရီးစဥ်လေးဖြစ်ပါစေရှင် "

" ကျေးဇူးပါ ခဗျ "

သာယာသော ခရီးစဥ်။
အင်း..သူ့ရဲအိမ်ပြန်ခရီးစဥ်လေးက
တစ်စုံတစ်ယောက်ရဲ့ အကို...
လိုခေါ်သံကြားတာနဲ့ ပြည့်စုံမယ်ထင်တယ်။

လွမ်းလှပြီ ခေါင်းလုံးလုံးလေးကို...
လွမ်းလှပြီ  နားကားကားလေးကို...
လွမ်းလှပြီ ကျွန်တော့်ကိုမြင်တာနဲ့ ပြုံးနေတတ်တဲ့ အပြုံးပိုင်ရှင်လေးကို...
အင်း...ပါးချိုင့်လေးထဲ လက်ညှိုးလေးထိုးထည့်ပြီးစချင်သေးတယ်။
ကျွန်တော့်ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာတစ်မျိုး၊ ပုခုံးပေါ်မေးတင်ကာ ချွဲနေပြန်မယ့် သူ့ရဲ့ ချန်းယောလ်လီကို တကယ်လွမ်းလှပြီ။

......................................

Past ~

ကျွန်တော့် အသက် ၁၈နှစ်။
အထက်တန်းနောက်ဆုံးနှစ် တက်ဖို့
ပြင်ဆင်နေသည့်အချိန်မှာပဲ
ဘေးကပ်ရပ်ခြံက ပျော်ရွှင်မှုလေးကို စတင်တွေ့ရှိခဲ့သည်။
သူကကျွန်တော့်ရဲ့ တစ်သက်တာ
ပျော်ရွှင်မှုလေး။

အိမ်လည်လိုက်ခြင်းမရှိတဲ့ ကျွန်တော်က မားမားပတ်ရဲ့ ညစာခေါ်ကျွေးခြင်းကို မသိစိတ်ရဲ့စေညွှန်ရာအတိုင်း မားတို့နဲ့ အတူလိုက်သွားခဲ့မိတာကအစပြုလို့ ကျွန်တော့်ထက် ၃နှစ်ငယ်တဲ့အလယ်တန်းနောက်ဆုံးနှစ်တက်မယ့် ယောလ်လီနဲ့ကျွန်တော်ကစတင်တွေ့ဆုံမှုပြုခဲ့သည်။

လူမှုဆက်ဆံရေးကောင်းပြီး အပြုံးချိုချိုလေးတွေပိုင်ဆိုင်တဲ့ယောလ်လီက နှစ်အိမ်လုံးရဲ့ အချစ်တွေသိမ်းကျုံးရတော့တာပဲ။အင်း..ကျွန်တော်ရဲ့ချစ်ခြင်းတရားတွေရော။ထိုချစ်ခြင်းတရားတွေက အရောင်တွေပြောင်းလဲတတ်မှန်း ကျွန်တော်မသိခဲ့ရိုးအမှန်ပါ။

မြတ်နိုးရာ အချစ် { ChanSoo One Shots }Where stories live. Discover now