မြတ်နိုးရာအချစ်...five(extra)

427 56 16
                                    


အင်း....

ဟိုဟိုဒီဒီလူးလွန့်ရင်းနဲ့ပဲ တစ်နေ့တာကိုဖြတ်သန်းရအုန်းမယ်။အင်း....ဘေးကိုလက်ဆန့်တန်းကာ စူးစမ်းမိတော့ အဆိုးလေးကရှိမနေ။ထသွားပြီထင်တယ်.....

အိမ်မှုန်စုံမွှားငုတ်တုတ်ထထိုင်ရင်း
မနက်ခင်းအလင်းရောင်ဖြဖြကို ငေးမောနေမိသည်။

" အမေ့.."

ရေချိုးခန်းထဲက ရေချိုးပြီးထွက်လာတဲ့ယောလ်လီဟာ လက်မှာကပ်ပါလာတဲ့ရေစက်လေးတွေကို ခါချပြီးစလိုက်တဲ့အခါ အလန့်တကြားထအော်မိသေး။

" ယောလ်လီ "

" ဟားဟား ထတော့လေ အကိုရာ မွေ့ယာပေါ်ငုတ်တုတ်ပြန်အိပ်နေတဲ့ အကိုအပျင်းတစ်လေး..."

" မင်း.....ညကျ အခန်းထဲ လာမအိပ်နဲ့ သွား..."

လက်ထဲအဆင်သင့်ရှိနေတဲ့ ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်တဲ့အခါ တဟားဟားအော်ရယ်သံကိုကြားရလိမ့်မည်။
ဒါဟာမနက်မိုးလင်းတိုင်း သတ်ပွဲပဲ။

ညဆို ညနက်မှအိပ်ရာဝင်ရတာ ဘယ်သူ့ကြောင့်လဲ။ မပြီးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို အပိုင်းဆက်အခန်းရှည်တွေ၊အကြောင်းပြချက်တွေမျိုးစုံနဲ့ ညညကခုန်နေတာ ဘယ်သူလဲ။တော်ပြီ တော်ပြီ ဒီည အလိုမလိုက်နိုင်တော့ဘူး လုံးဝ လုံးဝပဲ။

မကျေမနပ်ပွစိပွစိ ရွတ်လို့ရေချိုးခန်းထဲဝင်သွားတဲ့ အကို့ကိုကြည့်ပြီးအတူတူရှိနေတယ်ဆိုတဲ့ ခံစားချက်က ကြည်နူးလွန်းလို့..ဒါတွေ အကိုသိမယ်မထင်ဘူး။ချစ်လိုက်ရတာဗျာ အကိုကို့...

အကိုရေချိုးပြီးထွက်လာရင် အဆင်သင့်စားရအောင် လက်စွမ်းသွားပြလို့ ချော့ရအုန်းမယ်။

အရင်ဆုံးဆန်ရေဆေးလို့ ထမင်းချက်မယ်။ပြီးရင် အမဲစွပ်ပြုတ်လေးလုပ်မယ် အားရှိအောင်လို့ ဟင်းဟင်း...
အရံဟင်းတွေနဲ့ဆို အိုကေပြီ ပွဲသိမ်း။

ကဲစမယ် ဆန်ဆေး...
ဆန်ဆေးပြီး ရေထည့်မယ်...အဲရေကဘယ်လိုထည့်ရမလဲ ဟုတ်ပြီ ဆန်တစ်ခွက်ရေတစ်ခွက်ပေါ့ အလိုလား..မဟုတ်သေးပါဘူး ထမင်းတွေမာကုန်လိမ့်မယ် ရေပိုထည့်လိုက်မယ် အိုခေးးးး

မြတ်နိုးရာ အချစ် { ChanSoo One Shots }Where stories live. Discover now