မြတ်နိုးရာအချစ် - Eleven

254 46 28
                                    

ဂီတကလပ်~~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဂီတကလပ်~~

အကို..ဟုတ်ပါတယ် သူ့ရဲ့အကိုပါ။

အကိုက သူ့ရဲ့မနိုးထလာချင်တဲ့အိမ်မက်လေးတစ်ခု..
အကိုက သူ့ရဲ့ရှေ့ဆောင်လမ်းပြကြယ်လေးတစ်ခု..
အကိုက သူ့ရဲ့အနာဂတ်လေး..
ပြီးတော့အကိုက သူ့ရဲ့အချစ်အိမ်ငယ်လေးလေ...

" ဟေ့ ဒိုဂယောင်ဆူး လာလေ!
အဲ့မှာဘာရပ်လုပ်နေတာလဲ! "

စီနီယာအကိုတစ်ယောက်ရဲ့အော်သံအဆုံး အကိုကသူရှိရာဘက်ကိုလှည့်ကြည့်လာခဲ့တယ်။ရင်ခုန်လိုက်တာအရမ်းပဲ..အကို့အကြည့်လေးတစ်ချက်ကိုတောင် ကျွန်တော်ကရင်မဆိုင်ရဲခဲ့ဘူးဗျာ..။

" ဟုတ် ဟုတ် လာပြီဗျ! "

တုန်ယင်နေတဲ့စိတ်အဟုန်ကိုမနည်းထိန်းလို့ ကျွန်တော်ကခွန်းတုံ့ပြန်စကားဆိုမိတယ်။ထို့နောက်အကိုတို့စီနီယာအဖွဲ့နားကိုမယောင်မလည်နဲ့ရပ်လို့နေမိတယ်။စီနီယာအကိုတွေရဲ့စကားဝိုင်းထဲသူကမျက်စိသူငယ်နားသူငယ်နဲ့ သို့ပေမယ့်သူကိုယ်တိုင်ကလည်းစီနီယာအကိုတွေရဲ့စကားသံတွေကိုခပ်နည်းနည်းသာကြားနေမိပြီး သူ့ရဲ့မျက်ဝန်းတစ်စုံနဲ့စိတ်အစုံက အကို့အနားမှာရစ်ဝဲနေခဲ့တယ်ဆိုတာ ကျွန်တော့်ကိုယ်စောင့်နတ်ပဲအသိဆုံးဖြစ်လိမ့်မည်။

အကို့ကိုစသိခဲ့တာ အထက်တန်းပထမနှစ်စကလေ..အဲ့တုန်းကအကိုကအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားကြီးပေါ့ဗျာ။အကို့အကြောင်းကတော့ကျွန်တော်တို့ဂျူနီယာကျောင်းသားကျောင်းသူတွေမကြားချင်မှအဆုံးပဲ။အကိုကကျောင်းစာတွေမှာဘယ်လိုတော်ကြောင်း၊အကိုကဆရာမတွေအပေါ်ဘယ်လိုသိတတ်ပြီးဘယ်လိုတောင်လိမ္မာရေခြားရှိကြောင်း၊အကိုကအားကစားကိစ္စတွေမှာလည်းကျောင်းအတွက်ဘယ်လိုအားကိုးရကြောင်း၊ပြီးတော့အကို့ရဲ့စန်းပွင့်မှုမျက်နှာပန်းလှမှုတွေကြောင့် အကို့ကိုကျွန်တော်ကစသိခဲ့ရတာ၊ပြီးတော့ကျွန်တော်ကိုယ်တိုင်အကို့ကိုအားကျပြီးလေးစားချစ်ခင်ခဲ့ရတာ။အကိုက Section - A ရဲ့အတန်းခေါင်းဆောင်လည်းဖြစ်ပြန်တော့ ကျောင်းတွင်းကိစ္စတွေတိုင်းအကိုကမပါမပြီး ကျွန်တော်နဲ့အကိုကအရှေ့နဲ့အနောက်၊တောင်နဲ့မြောက်လိုပဲလွန်စွာဝေးကွာတယ်။

မြတ်နိုးရာ အချစ် { ChanSoo One Shots }Where stories live. Discover now